Episode 32

255 8 0
                                    

Unicode

ဟုတ်တယ် ကိုနေ့ ညီငယ်ပြောသလိုပါဘဲ တော်ပါတော့နော် ရပ်တော့နော် ဖေဖေ တားပါဦး "

"မတားဘူးသူ့ထိုက်နဲ့သူ့ကံဘဲ ခံပါစေ"

"ဦးတို့ ကျွန်တော် ဦးတို့ စိတ်တိုင်းကျ နေပါ့မယ် စကားနားထောင်ပါ့မယ်ကိုနေ့ကို တားပေးပါနော် တောင်းပန်ပါတယ် "

"..." လူကြီးတွေ တစ်ဖက်လှည့်နေတယ် တိမ်စိုင်လင်းတို့ ညီကို ပါ ဒူးထောက်ပြီး လူကြီးတွေ ခြေထောက်ကိုင် တောင်းပန်တော့တယ်

"ဖေဖေ မေမေ ဦးတို့ ကိုနေ့သစ်မှာ အပြစ်မရှိပါဘူး သူတို့ တူတူ နေပါစေနော် မခွဲပါနဲ့နော် အပြစ်ရှိတာ ကျွန်တော်တို့တွေပါဗျာ ကျွန်တော်တို့ကို ကြိုက်တဲ့ အပြစ်ပေးပါနော်ကျွန်တော်တို့ လက်ခံပါတယ် ကိုနေ့သစ်ကို မခွဲကြပါနဲ့နော် သူက စိတ်သဘောထား ပြည့်ဝတဲ့သူပါ ညီတွေ ညီမတွေအပေါ်လဲ ကြည့်ရှူပေးတဲ့သူပါ သူ ချမ်းမြေ့ကိုလေ အရမ်းချစ်တာပါ ကျွန်‌တော်တို့ သက်သေနိုင်ပါတယ် တကယ်ချစ်ပါတယ် ယုံကြည်ပေးပါနော် မခွဲပါနဲ့ ကိုနေ့သစ်က အရမ်းသနားဖို့ကောင်းပါတယ် ဗျာ ချမ်းကို သူတော်တော်ချစ်တာပါ သူကို့သနားပေးပါဗျာ နော် ရပ်ခိုင်းပါတော့ သူအရမ်းနာနေပြီ သွေးတွေလည်း ထွက်နေပြီ ကျွန်တော်တောင်းပန်ပါတယ် ဖေဖေတို့နော် ကိုနေ့သစ်ကို ရပ်ခိုင်းပေးပါတော့နော် တောင်းဆိုပါတယ် "

"ဟုတ်ပါတယ် ဖေဖေရယ် ကိုနေ့ကိုလေ ခွင့်လွတ်ပေးပါ ဦး ကိုချမ်းမြေ့ကိုလေ ကိုနေ့က အရမ်းချစ်တာပါ ဦးရယ် ကျွန်တော့အကို ကျွန်တော်တို့ကို ချစ်တာထက် ကိုချမ်းမြေ့ကို ချစ်ပါတယ် ကိုနေ့ အရမ်းသနားဖို့ကောင်းပါတယ် ဦးရာ အရင် ကိုချမ်းနဲ့ ဖြစ်ခဲ့တုံးကလဲ အပြစ်သားတစ်ဦးလို့ အခုထိခံစားနေရတုံးပါ အခုထက်ပြီးစိတ်ဒဏ်ရာလဲ ရနေပါပြီ သနားပေးပါ‌ဦးရယ် ကိုနေ့က ညီတွေ ညီမတွေ ကို အရမ်းအနစ်နာခံတော့ သူအခုလို ဒုက္ခရောက်တာပါဗျာ ဦးတို့ သဘောအတိုင်းလေ ကျွန်တော် တို့လိုက်နာပါ့မယ်နော် ကြိနေ့ကိုလေတားပေးပါ ကျွန်တော် သူ့အစားလေ သေဆိုသေပေးပါ့မယ် ကိုနေ့မလုပ်ပါနဲ့တော့နော် ဦးကျွန်တော်လေ အပြစ်သားတစ်ဦးလို တေထိုင်ပါ့မယ် နော် " အာရုံပြောတော့ နေ့သစ်အဖေက

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now