Episode 16

292 8 2
                                    

Unicode

ညနေဆောင်းတော့ ချမ်းမြေ့နိုးလာတယ်

"ချမ်းနိုးပြီလား အခုကော သက်သာရဲ့လား "

"အင်းကို "

"သား ချမ်းမြေ့ သက်သာလား " ချမ်းမြေ့ အမေ မေးတော့

"ဟာ မေမေ ရောက်နေတာလား "

"အင်းသား ခမည်းခမက်က ဖုန်းဆက်အကြောင်းကြားလို့"

"ဟုတ်"

"သားရယ် အစားကို ဘာလို့ သတိထားမစားရတာလဲ လမ်းမှာ ဖရဲသီး စားခဲ့တယ်ဆို "

"ဟုတ်"

"နောက်ပြီးအမက သားအကြိုက် မေမေ့ကိုမေးလို့  ဘဲဥ ဝက်သား ကြက်ဟင်းခါးသီး လို့ပြောလိုက်တော့ အမက သား အကြိုက်ချက်ကျွေးတာ လမ်းမှာ ဖရဲသီး စားလာတာ မသိဘူး ဘဲဥစားလိုက်တော့ အစာ အဆိပ်သင့်တာ ဖြစ်သွားတာတဲ့ "

"သား မသိဘူးမတည့်တာကို ဘဲဥဟင်းက အရမ်းကောင်းတာ တစ်ခါမှ ထမင်း အများကြီးမစားဖူးဘူး  အရမ်း အရသာရှိတော့ စားတာ မထိန်းမိဘူး ဖြစ်သွားတာ "

"အင်း နောက်ခါ သတိထား နော်သား မတည့်တဲ့ အစားအစာတွေ ယှဉ်တွဲ မစားရတဲ့ အစားအစာ‌တွေ ဇယား ကားချပ်ရှိတယ် မေမေပေးမယ်သား "

"ဟုတ် မေမေ "

"ချမ်း ဆရာဝန်က သက်သာရင် ဆေးရုံဆင်းလို့ရတယ်တဲ့ "

"ဟုတ်လား ဒါဆိုဆင်းမယ် မနေချင်ဘူး ဆေးရုံမှာ "

"ကို ဖေဖေတို့ကော "

" ချမ်း ဖေဖေ နဲ့ စကားပြောနေတာ ပြန်လာလိမ့်မယ်"

"အင်း ကို အမေတို့ကို အားနာတာ စစဦးဆုံးနေ့မှာဘဲ အခုလိုဖြစ်သွားလို့ "

"ဟာ မဟုတ်တာ ချမ်းရ ချမ်းမှ ဘာမှမသိတာ မေမေ က အရမ်းစိုးရိမ်နေတာ သူလဲ စိတ်မကောင်းဘူး "

"အင်း  ဆေးရုံဆင်းမယ်လေ"

"အင်း ကိုလုပ်လိုက်မယ်  မေမေ ချမ်းကို ကြည့်ထားပေးပါဦး ကျွန်တော် ဆေးရုံဆင်းဖို့ လုပ်လိုက်ဦးမယ်"

"အေးသားနေ့သစ် "

နေ့သစ်ထွက်သွားတော့ အမေဖြစ်သူက ချမ်းမြေ့ဘေး နားရောက်လာပြီး လက်လေးကိုကိုင်ကာ

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now