Episode 20

279 9 0
                                    

Unicode

နောက်နေ့မနက်စာ ကိုယ့်ဘာသာ စားကိုယ်စားကြတယ် နေ့သစ်ကို မကျွေး ချမ်းမြေ့တို့များ ပြတ်သားချက် လန်ထွက် နေ့သစ် မနက်ရောက်တော့ ဖုတ်ကာသည်ကာ ထလာပြီးအလုပ်သွားဖို့ ပြင်ရန်အထ
ချမ်းမြေ့ နဲ့ အဖေက အဝတ်အစားတွေ တောက်တောက်ပြောင်ပြောင်နဲ့ အလုပ်သွားတာကို မှိုင်မှိုင်ထွေထွေလေး ငေးကြည့်မိတယ် ဖအေကော ချမ်းကော သူ့ကို ရှိတယ်လို့တောင်မထင် အမေဆီကပ်မယ်လုပ်တော့

"နင်ငါ့အနားမလာနဲ့ နောက်မီးလင်းတဲ့ကောင် " ဆိုပြီး ခါးခါးသီးသီး ထို အဖြစ်အပျက်လေးက ကမ္ဘာပျက်လောက်တဲ့အထိ ပြင်းထန်လွန်းတယ် ညစာလည်းမစားရ မနက်စာလဲ ဘယ်ဆီနေမှန်းမသိ ညီတွေကလည်း တော်တော် အားကိုးရတယ် လုံးဝကို လာမကြည့် ငါ့အကို အဆင်ပြေလားဘာညာ မရှိဘူး အခုသူ့ဘက်မှာ ဘယ်သူမှမရှိ မီးဖိုဆောင်ဝင်တော့လဲ အကုန်ပြောင် စားဖို့မရှိ နောက် ဗိုက်ဟောင်းလောင်းနဲ့ အလုပ်သွားရတော့တယ် ထိုအချိန် အတွေးထဲ ယောက္ခမတွေ သတိရလို့ ယောက္ခမဆီ အပြေးအလွှားသွားရတယ်

"မေမေ "

"ဟဲ့သားနေ့သစ် ဘာဖြစ်တာလဲ "

"ကျွန်တော်ဗိုက်ဆာလို့ "

"ဟေ ခဏလေး မေမေပြင်ပေးမယ် "

"ဟုတ် " ပြင်ပြီးတဲ့ အစားအစာကို အငမ်းမရ စားရတယ် ညတည်းက ဗိုက်က ဆာနေတာကိုး

"သားရယ် ဘယ်လိုဖြစ်ရတာလဲ အိမ်မှာ မစားရဘူးလား "

"ဟုတ် မစားရဘူး မေမေ "

"ဟေ ဘာကြောင့်လဲ " အဖေဖြစ်သူဝင်လာတော့

"ချမ်း အပြစ်ပေးထားလို့ "

"ဘာ "

"ဟုတ်တယ်ဖေဖေ တစ်အိမ်လုံးက ချမ်းသဘောကြီးဘဲ ချမ်းတစ်ခွန်းဆိုတစ်ခွန်း"

"အင်း ပြောပါဦးဘာလုပ်သေးလဲ"

"မနေ့က အိမ်ပြန်ရောက်ရောက်ခြင်း အိမ်ထဲ အဝင်မခံဘူး အိမ်ပြင်မှာ ဒူးထောက်ခိုင်းတာ မနက်ထိဘဲ ဖေဖေတို့ကလဲ မတားဘူး "

"အဟမ်း ငါ့သားက တစ်ခုခု ဖြစ်လို့ အကြောင်းမရှိဘဲ မလုပ်ဘူး မင်းဘာလုပ်ထားတာလဲ "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now