Episode 3

694 28 2
                                    

Unicode

တစ်ခုသော မနက်ခင်းမှာ လင်းရောင် တစ်ယောက် ကျောင်းသွားဖို့ ပြင်တော့တယ် မနက်စာကို အကိုတွေနဲ့ သာစားလိုက်ပြီး မိဘတွေက မနက်စောစော ဘုရားသွားတာကြောင့် တူတူမစားနိုင်

မနက်စာစားပြီး Imperial College ကို အကိုတွေနှုတ်ဆက်ပြီးကားလေးမောင်းကာထွက်သွားတော့တယ် 

ထွက်သွားရင်း လမ်းတစ်နေရာ မှာ မိန်းကလေးတစ်ယောက်ကို တွေ့မိသွားတယ် ကားပေါ် ကနေ အကြည့်မပျက် ခွာမရ စိတ်ထဲမှာလဲ ပိုင်ဆိုင်လိုစိတ်တွေ ဖြစ်ပေါ်မိသွားတယ် အလျှင်အမြန် ကားရပ်လိုက်ပြီး မိမိရရ ဖုန်းထုတ်ပြီး ဓာတ်ပုံလေးရိုက်လိုက်တယ် အရှေ့တည့်တည့်က ရိုက်မရ ဘေးလေးစောင်းပြီး ထိုကောင်မလေးက လှည့်လာတာမို့ မြန်မြန်ဘဲ ရိုက်လိုက်တယ် ရပ်ထားတဲ့နေရာက ယဉ်မရပ်ရ နေရာမို့ နောက်ကားတွေကလဲ ဟွန်းတီးနေတာမို့ မောင်းရတော့တယ် စိတ်ထဲမှာတော့ ကောင်မလေးရေ ကံမကုန်ခင်ပြန်စုံကြတာပေါ့လို့ တွေးလိုက်တယ်

ဒီလိုနဲ့ ကျောင်းရောက်တော့ တစ်ဦးတည်းသော သူငယ်ချင်း တိမ်ယံလင်းနဲ့ တွေ့တော့ လမ်းမှာတွေ့ခဲ့တာကို ဖောက်သည်ချတော့တယ်

"တိမ်ယံလင်း ငါကျောင်းလာတုံး လမ်းမှာ မိန်းကလေးတစ်ဦးနဲ့ တွေ့ခဲ့တယ် အရမ်းချောပြီးအရမ်းလှတယ် ဆံပင်လေးက ခါးလယ်လောက်ရှိတယ် အနက်ရောင်ဆံပင်နဲ့ ‌ဝင်းနေတဲ့ အသားအရည်နဲ့ ကွာ ချစ်ဖို့ကောင်းတယ် "

"ဟုတ်လား ငါ့ကောင်ကြီး ဆွံတော့မှာပေါ့ ဟုတ်လား King ကောင်ရ"

"ထင်တာဘဲ မြင်မြင်ချင်း ချစ်မိတာကွာ သူကလူကောင်က ၅ ပေ ၄လောက်ရှိတယ် နည်းနည်းတော့ သွက်မယ့်ပုံ"

"ဟုတ်လား စကားကောပြောခဲ့လား"

"မပြောခဲ့ရပါဘူးကွာ ကားပေါ်ကနေဘဲ တွေ့ခဲ့တာ ဓာတ်ပုံတော့ရိုက်ခဲ့တယ် ဒီမှာ" ဆိုပြီး ဖုန်းကိုပြလိုက်တယ်

"အင်းချောတယ်ကွ မဆိုးဘူး အရွေးတော်တယ် အဲ့နေပါဦး သူ့ကို ငါသိသလိုလိုဘဲ မှန်းသေချာကြည့်ဦးမယ်" သေချာကြည့်တော့

"အေးမင်းမှတ်မိပြီလား ဘယ်သူလဲ"

"နေပါဦးကွာ မင်းကလဲ ငါသေချာသိနေတယ် စဉ်းစားပါရစေဦး"စဉ်းစားနေပေမယ့် ထွက်မလာ သူသိနေတယ် ဒီတစ်ယောက်ကို

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now