Episode 19

279 8 2
                                    

Unicode

"သားမက်လေး သားဖေဖေ ကုမ္ပဏီကကော ဘယ်သူဦးစီးမှာလဲ "

"ပထမကတော့ ကျွန်တော့်ကို ဦးစီးခိုင်းတာ ဒါပေမယ့် ချမ်းမြ ရှိတယ်လေ သူအားနေတာဘဲ ဆိုတော့ သူတို့ဦးစီလိမ့်မယ်ဖေဖေ ကျွန်တော်ကတော့ Consultant ဘဲ လုပ်ချင်တာ "

"သား ဖေဖေ တို့ကို အားမနာနဲ့နော် "

"ဟုတ် အားမနာဘူး "

"အင်း သား ဖေဖေတို့နဲ့ သက်ဆိုင်တဲ့ အလုပ် လုပ်ငန်းခွင် မှန်သမျှ တံခါးမရှိ ဓားမရှိ နော် တားတဲ့သူ ပြော ဖေဖေ ပညာပေးမယ် အားတဲ့အချိန်တွေ ဖေဖေနဲ့လိုက်ခဲ့ မိတ်ဆက်ပေးမယ် မနက်ဖန်အားတယ်မှတ်လား လိုက်ခဲ့ "

"ဟုတ် လိုက်ခဲ့မယ်ဖေဖေ "

"အေးကောင်းတယ်ကောင်းတယ်"

"ချမ်းမြေ့ မနက်ဖန် ငါနဲ့ တိမ်စိုင်လင်းကို "

"တော် ငါအလုပ်သွားမှာ မအားဘူး ကိုယ်ကတာ ကိုယ့်ဘာသာ နိုင်အောင်က ငါ့ကိုဆွဲမထည့်နဲ့ တကယ်တည်း မိဘအလုပ်ကူမယ်မရှိဘူး မပြောသေးဘူး "

"ချမ်းမြေ့ မင်းနော် "

"ဟေ့ အခေါ်အဝေါ်ပြင် ငါ မင်းအကို ယောင်္ကျား ဝါကြီးတယ် "

"အေး "

"ပြန်ပြင်"

"ဟုတ် "

"ရူပါနဲ့ လင်းရောင်ကိုခေါ်သွားလေ " ပြောတော့ လင်းရောင် အကြိုက်ပေါ့

"ကို လတ် ကိုချမ်းမြေ့ပြောသလို လုပ် ဟုတ်တယ် ကိုချမ်းမြေ့အကောင်းဆုံး"

"ညီငယ် မင်းနော် ငါသိနေတယ် "

"ဒါကတော့ဒါပေါ့ "

"သားမက်လေး ဘာဖြစ်လို့လဲ "

"ဒီလို ဖေဖေရဲ့ လင်းရောင်က ကျွန်တော့ညီမတစ်ဝင်းကွဲနဲ့ ဟိုလိုလို ဒီလိုလို လင်းရောင်က ကြိုက်နေတာပေါ့ ဟိုက ဘာမှ မလှုပ်သေးဘူးလေ "

"ဒီကိုလာတဲ့ ဆံပင်ရှည်နဲ့ကောင်မလေးလား "

"ဟုတ်ကဲ့ "

"သူများချစ်ရေးဆိုတော့ မပြောချင်ပေမယ့် သူက နည်းနည်း ဖေဖေ သဘောမကျဘူး "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now