Episode 1

1.4K 46 2
                                    

Unicode

တစ်ခုသော မနက်ခင်း ထမင်းစားဝိုင်းတွင်...

"သားကြီး အလုပ်တွေအဆင်ပြေရဲ့လား " ဦးမောင်သစ် နေ့သစ်ကို မေးလိုက်တယ်

"ဟုတ်ပြေတယ် ဒယ်ဒီ ဒီနှစ် အမြတ်အစွန်းက ပြီးခဲ့တဲ့နှစ် အမြတ်အစွန်းထက် ငါးဆယ် ရာခိုင်နှုန်း ပိုရတယ်"

"အင်းသားကြီးက လုပ်ပုံကိုင်ပုံကို Daddy စိတ်ချရပါတယ် ကုမ္ပဏီကလဲ သားဘာသာသား ကြိုးစားပြီးရလာတဲ့ ကုမ္ပဏီမို့ ဒယ်ဒီ ဝင်စွက်ဖက်မှာလဲမဟုတ်ဘူး အကူညီလိုရင်ပြောပေါ့ ဟုတ်ပြီလား "

"ဟုတ်ကဲ့ဒယ်ဒီ"

"သားလတ် အာရုံ သား ကျောင်းလဲပြီးနေပြီ အလုပ်လုပ်ဖို့ မစဉ်းစားသေးဘူးလားသား "

"ဟုတ်ဒယ်ဒီ ကျွန်တော် အလုပ်အတွက် အဆင်ပြေအောင် သင်တန်းတွေ တက်နေလို့ပါ သူငယ်ချင်းတွေနဲ့တူတူ"

"အေးသား "

"သားငယ် လင်းရောင် သားငယ်က ဒီနှစ်နောက်ဆုံးနှစ် နော် စာကြိုးစား သားငယ်ဘွဲ့ရတာကို ဒယ်ဒီမြင်ချင်တယ် အပေါင်းအသင်း တွေနဲ့ သွားတာလာတာလျော့ စာကိုဂရုစိုက်ကြားလားသားငယ်"

"ဟုတ်ဒယ်ဒီ"

"အင်း ဒယ်ဒီ ကြုံတုံး တစ်ခုပြောဦးမယ် အားလုံး သေချာနားထောင်ကြ "

"ဟုတ်""ဟုတ်""ဟုတ်" သားသုံးယောက်လုံး ပြောလိုက်တယ်...

"သားတို့က တစ်ဖြည်းဖြည်း အရွယ်ရောက်လာကြတဲ့သူတွေ သားတို့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် အပြည့်ရှိတယ် အထူးသဖြင့် သားတို့ရဲ့ အိမ်ထောင်ဖက် ကို သားတို့စိတ်ကြိုက်ရွေးချယ် ဖေဖေတို့မေမေတို့က မကန့်ကွက်ဘူး စိတ်ကြိုက် ကြိုက်တဲ့သူကိုယူလို့ရတယ် "

"ဟုတ်တယ်သား" ဒေါ်နေသမီး ဝင်ပြောတော့တယ်

"အင်း ဒါ့ကြောင့် သားတို့ဘာသာ သားတို့ကြိုးစားရမယ် ကိုချစ်တဲ့သူကို မျက်နာမငယ်အောင်ထားဖို့ သူများထက် ပိုနှစ်ဆ ကြိုးစားကြရမယ် သားကြီးလိုပေါ့ သားကြီးကိုဖေဖေ ဘာမှ မကူညီရဘဲ သူအခု Diamond Distribution company ရဲ့ CEO ဖြစ်နေပြီ သားလတ် သားငယ် ဒါကို အတုယူကြ ဖေဖေတို့ရဲ့ အမွေကို မမျှော်ကိုးနဲ့ သားတို့ကို ဘယ်သူမှ မပေးဘူး အလှူလုပ်ပြစ်မှာ ကိုယ့်ဘာသာကြိုးစားကြရမယ် ကြားလားသားတို့ "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now