Episode 30

262 10 0
                                    

Unicode

ချမ်းမြေ့ အိပ်ခန်းထဲကနေ လုံးဝမထွက် ဒါ့ကြောင့် လင်းရောင်တို့ ပါလာတာ လုံးဝမသိသေး နေ့သစ် တစ်ယောက်တည်း ထင်နေတုံး

ချမ်းမြေ့ တစ်ရေးနိုးတော့ ကြည့်မိတာ ဘေးမှာ နေ့သစ်မရှိသူ အချိန်က ၇နာရီ စိတ်အလိုကမကျဘေးဘယ်ညာ ပြန်ကြည့်လည်းမတွေ့ စိတ်အခြေအနေက သိပ်မကောင်းတော့ နေ့သစ် လာတဲ့အခါလဲ သူ့နားနေရမှာပေါ့ သူအားယူပြီး ဖုန်း ပိုပ်ဆံအိတ်ကိုကိုင်ကာ ထကြည့်တယ် ယိုင်နဲ့နဲ့နဲ့ လျှောက်လို့တော့ရပြီ အရမ်းအဆင်ပြေကြီးတော့မဟုတ် ထပြီးတရွေ့ရွေ့နဲ့ လျှောက်ရင်း အခန်းတံခါး ဖွင့်ပြီး ဧည့်ခန်းကိုရွေ့ပြီး နံရံကိုင်ပြီးသွားတော့ ဧည့်ခန်းမှာ မြင်လိုက်ရတဲ့ မြင်ကွင်းက

သူတို့တွေက ဟေးဟေးဟားဟား နဲ့ ပျော်ပွဲစား ထွက်လာသလို ပျော်နေကြတာ ချမ်းမြေ့ကို မမြင်ကြ နေ့သစ်ကလည်း ပျော်ရွှင် ရယ်မောနေတာ

ဧည့်ခန်းက အပေါက်က တန်းဝင်တာနဲ့မြင်တဲ့ ဧည့်ခန်းမျိုးမဟုတ် အခန်းကျယ်ကြီး မှာအခန်းဖွဲ့ထားသလို ပိတ်စတွေနဲ့ အလှဆင်ထားတာမို့ ချမ်းမြေ့ကို မမြင်နိုင် ထိုင်ခုံတွေက ပတ်လည်မဟုတ်  အပေါက်ဝကို နောက်ကျောပေး တစ်စောင်းလုပ်ထားတာ အားလုံးထိုင်နေပေမယ့် တစ်စောင်းနဲ့ အနောက်ဆိုတော့ မသိနိုင်

ချမ်းမြေ့ ဘောင်းဘီနဲ့ အဆင်မပြေတာမို့ ပုဆိုးကို ဆေးရုံဆင်းထဲက ဝတ်ထားလျက် ပုဆိုးကလည်း တုတ် သူဆင်မပြေလှ သူစိတ်မကောင်းဖြစ်ရင်း တစ်ရွေ့ရွေ့နဲ့ တံခါးမကြီး ဆီ သွားတယ် လမ်းတစ်လျှောက် မျက်ရည်များကျပြီး မသွားခင် ဖုန်းနဲ့ သူတို့ပြောတာတွေကို record လုပ်ခဲ့တယ် သူ ဘယ်သူ့ကိုမှ မခေါ်ချင်တော့ လျှောက်ရင်း လမ်းမကိုရောက်သွားတယ် ရောက်တဲ့အခါ ပထမဆုံးမြင်တဲ့ ဆိုင်ကယ် တားပြီး

"ညီ အကို့ကို ကားဂိတ်ပို့ပေးနိုင်မလား ကူညီပါလား ခြေထောက်က အဆင်မပြေလို့ ဆေးရုံဆင်းထားတာမကြာသေးလို့ " ငိုလက်ဆနဲ့ တောင်းဆိုတော့

ပြင်ဦးလွင်သားတွေက ဖော်ရွေကြတာမို့ "ရတယ်အကို လာပါ ကျွန်တော်လိုက်ပို့ပေးပါ့မယ် တက်ပါအကို ရတယ် အားမနာနဲ့ " ဆိုကာ ထိန်းကိုင်ပေးပြီး ဆိုင်ကယ်နဲ့ တင်ခေါ်ကာ ကားဂိတ်ကို ပို့ပေးတယ် ပို့ပေးရုံတင်မဟုတ် ကားလက်မှတ်ပါ ဖြတ်ပေးသေးတယ် နောက် မနက်ကားမို့ ကားထွက်တဲ့အထိ စောင့်ပေးသေးတယ်

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now