Episode 9

348 16 4
                                    

Unicode

နောက်တစ်နေ့ နေ့သစ်တို့ မနက်ခင်း ထမင်းစားဝိုင်းတွင်

"သားကြီး မနေ့က ပြန်တာ နောက်ကျတယ်နော်" အဖေဖြစ်သူမေးတော့ ညီနှစ်ယောက်နဲ့ အမေဖြစ်သူပါ စားနေရင်းကြည့်ကြတယ် ဘာကြောင့်လဲ ဆိုတဲ့သဘောပေါ့

"ဟုတ်ဖေဖေ မနေ့က သားချမ်း အာ ချမ်းမြေ့ကြယ်စင် တို့အိမ် ချိုင့်သွားပို့ရင်း ညစာပါစားဖြစ်သွားလို့ ဖေဖေ"

"ဟေ ချမ်းမြေ့ကြယ်စင်ဆိုတာ "

"ဖေဖေ အဲ့တာ ကိုနေ့ ချစ်ချစ်" လင်းရောင်ဝင်ပြောတော့မှ မိဘတွေက ပြုံးစိစိနဲ့ ဖြစ်သွားပြီး ခေါင်းညိမ့်ကာ မနက်စာ ပြန်စားနေကြတယ် မနက်စာစားပြီးတော့ ညီနှစ်ယောက်က သူ့အကို လက်ကို အတင်းဆွဲကာ မေးတော့တယ်

"ကိုနေ့ အခြေအနေ "

"အင်း အဆင်ပြေတယ် "

"ဘယ်လိုအဆင်ပြေတာတုံး"

"အရင်ကလို စကားကြမ်းကြမ်း မပြောတော့ဘူးကွ မနေ့က သူကိုယ်တိုင် အင်္ကျီထုတ်ပေးတာ အဲ့မှာ ရေချိုးခဲ့တယ် "

"ဟင် ဆက်ပြီးတော့ ဘာဖြစ်သေးလဲ မြန်မြန် လေးပြော"

"အာဘာဖြစ်ရမှာလဲ ညီငယ်ရ "

"သူ့အခန်းမှာ ရေချိုးတယ်ဆိုတော့လေအဆင့်မတက်ခဲ့ဘူးလား"

"အန် အဆင့်တက်ဖို့နေနေသာသာ ရေချိုးခန်းက ထွက်လာတဲ့အခါ သူအိပ်ပျော်နေလို့ နမ်း အာ ပြန်လာခဲ့တော့တယ်"

"ကိုနေ့ " ဆိုပြီး အာရုံ ပက်ခြာလှည့်ပြီး နေ့သစ်ကို မယုံသလို လှည့်ကြည့်ပြီး

"အိပ်နေတုံး မသိအောင် နမ်းခဲ့တယ်မှတ်လား "အာရုံ နားစွန်နဖျားကြားမိတာကို ‌သက်သေထူလိုက်တယ်

"အန် ညီလတ် ဘယ်လိုသိ အာမဟုတ်တာ "

"လာမလိမ်နေနဲ့တော့ ကိုနေ့ ကိုနေ့ညီတွေပါ အဟမ်း အခြားသူတွေ မဟုတ်ဘူး " လင်းရောင် ဝင်ပြောတော့ နေ့သစ်မျက်နာကြီး ခရမ်းချဉ်သီးလို ‌နီရဲလာတော့တယ်

"ဟုတ် တယ် နမ်းခဲ့တယ်  ငါ ငါ  သွားတော့မယ်"ပြောကာ အမြန်ထွက်သွားတော့တယ်

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now