Episode 23

220 9 0
                                    

Unicode

နေ့သစ် အလုပ်စာပွဲမှာ အလုပ်လုပ်နေတုံး ဝေနှင်းဆိုသူ ရောက်ချလာတယ်

"နေ့ "

"နင်ဘာလာလုပ်တာလဲ ဝေနှင်း "

"နေ့ကိုသတိရလို့  "

"အတွင်းရေးမှူးဘာလုပ်နေလို့လဲ ကျစ် "

"မရှိဘူး ဘယ်သူမှ "

"ငါ့မှာ နင်နဲ့ ပြောစရာမရှိဘူး နင်ပြန်တော့ "

"ဟာ နေ့ကလဲ အခုမှ ရောက်တာကို "

"ဟုတ်တယ် ငါမအားဘူး မဧည့်ခံနိုင်ဘူး သွားတော့ နင်နဲ့ ဘာမှ မပတ်သက်ဘူး ပတ်သက်စရာလဲ မရှိဘူး နင်နဲ့ ငါ အကျိုးတူလုပ်နေတာလဲ မဟုတ်ဘူး နင်ပြန်တော့ ချမ်းရှိတယ် "

"အောင်မလေး တစ်ချမ်းတည်းချမ်းနေတာ သူ့ထက်ငါက အသာကြီးဘဲ နေ့"

"သာလဲ စိတ်မဝင်စားဘူး မသာလဲ စိတ်မဝင်စားဘူး နင်ပြန်တော့ ငါချမ်းကိုဘဲ ချစ်လို့ယူတာ နင့်ကိုဆို စိတ်ကူးထဲတောင် မရှိဘူး မို့ နင်ပြန်တော့ ဝေနှင်း "

"တောက် ‌နင် "

"နင်တွေဘာတွေ လုပ်မနေနဲ့ ပြန်တော့ဟာ"

"မပြန်နိုင်ဘူး "

"မပြန်ရင် လုံခြုံရေး ခေါ်ပြီး ဆွဲထုတ်လိုက်မယ် ပြန်တော့ "

"ငါအခု အော်လိုက်ရင် နင်ဘာဖြစ်မယ်ထင်လဲ "

"ဘာမှ မထင်ဘူး အော်ချင်လဲအော်လေ"

"နင် နင် "

"လာကြပါဦးရှင် ဒီမှာ အနိုင်ကျင့်နေလို့ " နေ့သစ် အလုပ်လုပ်မပျက်  သူ့ဘာသာသူ အော်နေတာ ကြံမရအဆုံး ဝေနှင်း သူ့အင်္ကျီကို ဆွဲဖြဲကာ နေ့သစ် လုပ်တဲ့ ပုံစံမျိုး နဲ့ အခန်းပြင်ထွက်သွားတယ်

တစ်ဖက်တွင် "သားမက်လေး သား "

"ဟုတ်မေမေ "

"သားခဏ ထိုင်ဦး မေမေ သားကြီး အခန်းမှာ ရှူဆေးကျန်ခဲ့လို့ သွားယူမလို့ လမ်းလျှောက်ရင်း သားနေခဲ့လိုက် မေမေပြန်လာခဲ့မယ် "

"ဟာ မဟုတ်တာ ကျွန်တော် သွားယူပေးမယ် "

"နေခဲ့ပါသားရယ် မေမေ သားနေနဲ့ ပြောစရာရှိလို့ပါ "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Donde viven las historias. Descúbrelo ahora