Episode 12

331 13 2
                                    

Unicode

မင်္ဂလာပွဲနေ့တွင် နှစ်မိဘ ရင်းနီးတဲ့အသိုင်းအဝန်း ဆွေမျိုး သူငယ်ချင်းများကိုသာ ဖိတ်ကာ ကျင်းပကြတယ်

ရူပါတို့ အာရုံတို့ ခြောက်ယောက်က ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ မခေါ်ရဲကြနေ့သစ်တို့ကို ချမ်းမြေ့ ရူပါတို့ကို စကားကို မပြောတော့ ကျောင်းသွားရင်တောင် တူတူ မထိုင် အစားတူတူမစားတော့

"ချမ်း အဆင်ပြေလား နေမကောင်းချင်ဖြစ်သေးလား ဧည့်ခံနေရလို့ "

"မဖြစ်ဘူး ကိုနေ့သစ် အဆင်ပြေတယ် လာဝိုင်းတွေမှာ ဓာတ်ပုံ သွားရိုက်ကြမယ်လေ ဧည့်ခံရင်းနဲ့"

"အင်းသွားရအောင်လေ"

"အန်တီတို့ သုံးဆောင်ရတာ အဆင်ပြေရဲ့လားဗျ"

"အယ်သားလေး ပြေတယ်သားရေ သားလေးက အချောလေး လိုက်တယ် ချောချောလေးတွေကြီးဘဲ"

"ဟုတ် အန်တီ ကျေးဇူး ဓာတ်ပုံရိုက်မယ်နော်အန်တီ" နေ့သစ်ပြောတော့

"အောင်မလေး ဒီက ရိုက်ချင်နေတာကြာပါပြီတော့ အချောလေးတွေနဲ့ ရိုက်မယ် ရိုက်မယ် "

နောက်တစ်ဝိုင်း "ဦး သုံးဆောင်ရတာ အဆင်ပြေရဲ့လားဗျ လိုအပ်တာရှိရင်ပြောပါနော် "

"အေးရတယ်သားရဲ့ နေသာသလိုနေကြ ဦးတို့က အဆင်ပြေတယ် ပြောရမယ့်လူတွေမှမဟုတ်တာ သားဖေနဲ့က ပါတနာတွေဘဲ " ချမ်းမြေ့ကို ပြောတယ်

"ဟုတ်ဦး ကျေးဇူးတင်ပါတယ်"

"အေးသား "

ပွဲတွေ ဆက်တိုက် လိုက်ပြီး လှည့်လည် ဧည့်ခံလိုက်တော့ ချမ်းမြေ့ ဗိုက်ချောင်သလို ဖြစ်သွားတော့

"‌ကိုနေ့သစ် ဗိုက်ဆာလာလို့ ကိုနေ့သစ်ကော မဆာဘူးလား"

"ဆာတယ်ချမ်းရ အစကတည်းက ဆာနေတာ လူကြီးတွေက ဘာမှမပြောတော့ ညိမ်နေရတာ စားရမလား မစားရဘူးလား မသိလို့လေ "

"အင်း မင်္ဂလာဆောင်နေရင် သိသလောက် ဆောင်တဲ့သူတွေ စားတာမတွေ့ဘူးနော် "

"အင်းဟုတ်တယ် ချမ်းရ"

"ဟို မေမေတို့ကို သွားမေးရအောင် ဗိုက်ဆာတာ မနေနိုင်တော့ဘူး "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now