Episode 29

231 10 0
                                    

Unicode

အားလုံးကတော့ ရူပါ့အဖေအိမ်မှာ ရှိတယ်ဆိုပြီး စိတ်အေးနေကြတာပေါ့

နေ့သစ်အိမ်မှာတော့ မညိမ်းနိုင်တဲ့မီးတွေနဲ့ တောက်လောင်နေတော့တယ်

ချမ်းမြေ့အိမ်မှာ မှာလဲ ချမ်းမြေ့နေ့သစ်အိမ်ကထွက်သွားတယ်ဆိုတာကသိတော့စိတ်ပူပေမယ့် ဦးလေးအိမိသွားမယ်ဆိုပြီး ပြောခဲ့တတာမို့ သက်ပြင်းချမိတယ်

ချမ်းမြေ့ကားပေါ်တွင် "တိမ်ယံလင်း"

"ဗျာ "

"မင်းဖုန်းကိုလေ Airplane mode ပြေင်းထားလိုက်ပါလား"

"ဘာလို့ "

"ကဲ ရှည်ကိုရှည်တဲ့ကောင် ပြောင်းဆိုပြောင်းလိုက် "

"ဟုတ် " ဆိုကာ ကားကို မောင်းနေရင်း လက်တစ်ဖက်နဲ့ ဖုန်း Noti ဘားဆွဲချကာ mode ပြောင်းလိုက်တယ် ထိုအတူ အေးချမ်းပါ airplane mode ပြောင်းပြီး ဖုန်းပိတ်ထားလိုက်တာ်

ရန်ကုန်ကသူတွေ ချမ်းမြေ့ ထွက်သွားတာကြာတဲ့ အထိ သတိမပြုမိကြသေး ဦးလေးအိမ်ရောက်တယ်ဘဲ ထင်နေတာ ညနေတော်တော်စောင်းကာမှ ချမ်းမြေ့ အဖေသူ့ညီကို ဖုန်းဆက်ကာမှ ရောက်မှန်း အကြောင်းစုံသိတော့တယ်

"သွားပြီ" ချမ်းမြေ့အဖေ ပါးစပ်က ထွက်ကာ ယောင်တယ်

"အကို ဘာဖြစ်လို့လဲ" ချမ်းမြေ့အမေ မေးတော့

"ချမ်း ကို့ညီအိမ်မလာဘူးတဲ့ သူအစည်းအဝေး တက်နေတုံး ဖုန်း silence လုပ်ထားတုံး သားဖုန်းဆက်တယ်တဲ့ ပြန်ဆက်တော့ မရဘူးစက်ပိတ်ထားတယ်တဲ့ သူလဲ ဖုန်းမှားဆက်တာ အထင်နဲ့ ဒီကို ပြန်မဆက်မိဘူးတဲ့ "

"ဒါဆို ဘယ်လိုလုပ်မလဲ "

"တိမ်ယံလင်း တိမ်ယံလင်းလာခေါ်သွားတာ သူ့ဖုန်း သမီး သမီးဆက်ကြည့်စမ်း "

"ဟုတ်ဖေဖေ"အသဲအသန် ဆက်တော့ မရ ဆက်သွယ်မှု့ဧရိယာပြင်ပတဲ့

"ဖေဖေ မရဘူး "

"ဟေ ဒုက္ခပါဘဲ " ထိုအချိန်ရူပါ ရောက်လာပြီး မျက်နာတွေ ပျက်နေကြတဲ့ လူကြီးတွေကို ကြည့်ပြီး

"လေးလေး ဘာဖြစ်လို့လဲ "

"သမီးရေ သမီးအကို သမီးအဖေ့အိမ်မရောက်ဘူးတဲ့ ဘယ်သွားလဲမသိဘူး "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now