Episode 8

358 12 8
                                    

Unicode

မနက်ခင်းတစ်ခု ချမ်းမြေ့အိမ်တွင်

"သားရေ လမ်းလေးဘာလေးလျှောက်ရင်း နေ့သစ် ကုမ္ပဏီကို ဒါသွားပေးလိုက် ဆီချက်ခေါက်ဆွဲလေး လုပ်ထားတယ် "

"ဗျာ တကယ်သွားပေးရမှာလား "

"တကယ်ပေးရမှာပေါ့ ရော့ သွားတော့ စကားလဲ ကောင်းကောင်းပြောဦးနော် အကြီးကို"

"ဒါပဲမှတ်လား ပေးပေး တကယ်တည်း သားများမှားနေလားမှတ်တယ်"

"ဟေ့ကောင်လေး ငါကြားတယ်နော် ဟင်း ဟင်း ကြည့်လုပ်"

"...." ဘာမှမပြောဘဲညဝတ် အင်္ကျီတောင်မလဲရသေးဘဲ စက်ဘီး‌နင်းကာ အမေပေးတဲ့ ချိုင့်ယူပြီး ထွက်လာခဲ့လိုက်တယ် သူပုံမှန်ဆို ဒီတိုင်းနေမြဲ သင်တန်းက ဆယ်နာရီမှ တက်ရတော့ ပြင်တာဆင်တာ ရှစ်နာရီလောက်မှ ပြင်ဆင်တာ အခုတော့ မျက်နာသစ်ယုံသာ ဘာမှ မပြင်ဆင်ဖြစ်

အပေါက်ရောက်တော့ လုံခြုံရေးကို သူတို့သူဌေးနဲ့တွေ့ဖို့ပြောတယ်

"ဦးလေး ဦးလေးတို့သူဌေးဆီလာတာ သွားဦးမယ်"

"‌သားက ဟိုနေ့က တစ်ခါ အာ တစ်နေ့တည်း နှစ်ခါ လာတဲ့ သားလေးမှတ်လား "

"ဟုတ် ဦးလေး သူဌေးနေ့သစ် ဆီ ဒါဆိုသွားလိုက်ဦးမယ် "

"အေး သား "

ချမ်းမြေ့ အခန်းသိနေတော့ ဒီတိုင်း တံခါးခေါက်ပြီး ဝင်လိုက်တယ် အခန်းထဲရောက်တော့ လူတစ်ယောက် နေ့သစ်နားကပ်ပြီး ကုန်းပြီး မျက်နာခြင်း နီးကပ်နေတာ ထိုမြင်ကွင်းမြင်ပြီး

"ဪ လာတာ အချိန်ကောင်း မဟုတ်ဘူးနဲ့တူတယ်" ပြောလိုက်တော့

"ဟမ်"

"ဟမ် " ထိုနှစ်ယောက် ဟမ်သွားကြတယ်

"ဪ ချမ်းရောက်နေတာလား ဘာလာလုပ်တာလဲ " နေ့သစ်မေးတော့

"ဘာ ဘာလာလုပ်တာလဲ ဟုတ်လား ဟုတ်တယ် လာလုပ်တာ ခင်ဗျားတို့ ကုမ္ပဏီဆိုတာလဲ သတိထားဦး မရှက်မကြောက် ပတ်ဝန်းကျင်လဲသတိထားဦး ဖြစ်ချင်တိုင်း ဖြစ်နေကြတာ" နှစ်ယောက်သား ချမ်းမြေ့ပြောစကား မရှိ ဆွံ့အနေကြတယ်

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now