Episode 13

331 13 0
                                    

Unicode

"ရုပါ သမီးဘယ်လိုလုပ်လိုက်တာလဲ  ဒါသူများဘဝနဲ့ ဆိုင်တဲ့အရာကို "

"ဟို ဖေဖေ "

"သမီး သူက သမီးအကိုနော် အခုက ကြည့်ဦး သား ချမ်းမြေ့ မပြောရင် ဖေဖေ ဘာမှသိမှာမဟုတ်ဘူး ဒီတိုင်းရိုးရိုး လက်ထပ်ကြတယ်ထင်တာသမီးသူများ အတွက် ထည့်မတွက်ဘူး သမီးကိုယ်သမီး ပျော်ဖို့ဘဲ ကြည့်တယ် သမီး အရမ်းဆိုးတယ် "

"ဟို သမီး ကိုကြယ်စင် ဒီလောက်ထိဖြစ်မယ်လို့ မထင်မိလို့ပါ ကိုနေ့သစ်ကလဲ ကိုကြယ်စင်ကို ချစ်နေတဲ့သူမို့ သူတို့နှစ်ယောက်မသိအောင် ပေါင်းဖက်ရအောင် လုပ်မိတာပါ "

"သမီး ဝဋ်ဆိုတာ လည်တက်တယ်နော် သမီး ဖေဖေ သမီးကို စိတ်ပျက်တယ်"

"ရှင် "

"ဟို ဦး ဒီလိုဖြစ်သွားရတာလဲ မတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး ကျွန်တော်တို့တွေလဲ  ကြံရာပါတွေပါ တူတူ လုပ်ကြတာပါ ကျွန်တော့ အကို က အရမ်းချစ်နေတော့ သနားပြီး ပေါင်းဖက်ရအောင် လုပ်မိတာပါ ကိုနေ့သစ်က ကျွန်တော့ အကို အရင်းပါ" လင်းရောင်ပြောတော့

"ဟုတ်တယ် ဦး ဒါတွေက စေတနာ အမှားပါ " အာရုံဝင်ပြောတယ်

"ဪ စေတနာ အမှား အဲ့အမှားက လူနှစ်ယောက်ရဲ့ ဘဝကို အကြီးအကျယ် ထိခိုက်တာကို မင်းမသိဘူးလား အာရုံ အရင်ဆုံး မင်းအကို အထိုးခံရတယ် မင်းကိုယ်စားခံပေးရလို့လား မျက်နာမှာယောင်ကိုင်းနေတာ မင်းစေတနာလား မင်းတို့ အဲ့ အချိန်မှာ ဝင်ဆွဲခဲ့လား မင်းတို့လုပ်တာပါဆိုပြီး ဝင်ထိန်းခဲ့လား ကိုယ်စား ဝင်ခံခဲ့လား သားကြီး တစ်ယောက် မိဘအိမ်မှာ ခွဲလိုက်တဲ့အရှက် မိဘတွေ ရဲ့ အလေးထားခံခဲ့ရတဲ့ သားကြီး က အခုလိုဖြစ်ခဲ့တော့ နောက်ပြီး အခြားတစိမ်းတွေရှေ့မှာ အရှက်ခွဲခံရတာ အဲ့ဒါတွေက စေတနာတွေလား ငါ အဲ့နေ့ကမြင်ကွင်း ပြောရမှာတောင် မပြောထွက်နိုင်ဘူး နှစ်ယောက်သား အဝတ်ဗလာ ဝင်လာတဲ့သူတွေက ကိုယ့်ညီမတွေ အမေတို့ ကိုနေ့သစ် အမေတို့ပါပါတယ် ငါ့ညီမတွေ မိန်းမသားတွေရှေ့ အဝတ်ဗလာ ဖြစ်နေခဲ့ရတဲ့ အရှက် နောက်ပြီး နောက်ပြီး သွေးကွက်တွေ အဲ့တာ မင်းတို့ စေတနာလား အာရုံ မင်းပြောတဲ့ စေတနာလားလို့ " ပြောနေရင်း ချမ်းမြေ့ အသံတိမ်ဝင်သွားပြီး မျက်ရည်ကျလာတော့တယ် နေ့သစ်က ဖြေသာအောင် ပုခုံးပုတ်ပြီး ချော့တယ်

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Onde histórias criam vida. Descubra agora