Episode 10

368 14 0
                                    

Unicode

လင်းရောင် တစ်ယောက် ကျောင်းသွားတိုင်း ဇွဲမလျော့ ထို မိန်းကလေး တွေ့ခဲ့တဲ့နေရာကို စူးစမ်းမြဲ

"ဟူး ဒီတစ်ခါလဲ မတွေ့ပြန်ဘူး " ကားပေါ်ကနေ ကြ ည့်ပြီး ညည်းထွားနေမိတယ်

"ဟိုတိမ်ယံလင်းဆိုတဲ့ကောင် အခုထက်ထိ မသိသေးဘူးလားမသိဘူး ဒီကောင် သိတာကော ဟုတ်ရဲ့လားမသိဘူး "

ဒီလိုနဲ့ ကျောင်းရောက်လာခဲ့တယ် ကျောင်းရောက်တော့ တိမ်ယံလင်းနဲ့တွေ့တော့ လမ်းမှာ အခဲ မကျေခဲ့တာကို သူနဲ့တွေ့တော့ အတော် ဖြစ်သွားခဲ့တယ်

"နှမပေး တိမ်ယံလင်း မင်း စဉ်းစားလို့ရပြီလား "

"ငါ့မှာ နှမမရှိဘူး အကိုဘဲရှိတယ် ငါ့ကောင် အကိုကလဲ မင်း အကိုလတ်နဲ့ ဘာလိုလို မင်းတို့ရန်ဖက်ဖြစ်သွားလိမ့်မယ် "

"မင်းအကိုတော့မလိုချင်ဘူး ကိုချမ်းမြေ့ဆို ဟုတ်တုတ်တုတ် သူက ကိုနေ့နဲ့ သက်ဆိုင်တာ ထားပါ မင်းသတိရပြီလား ငါ့ကောင်မလေးကို "

"ငါသိတော့သိနေတယ် ဘယ်သူလဲဆိုတာကို စဉ်းစားမရဘူး ဘယ်မှာတွေ့မိမှန်းကို မသိဘူးကွာ"

"ဟာကွာ"

လင်းရောင်မကျေမချမ်းဖြစ်နေတော့တယ်

ချမ်းမြေ့လည်း နေ့သစ်ကုမ္ပဏီ အိမ်မှာ မုန့်လုပ်စားရင် သွားပို့လိုက် အိမ်ကိုနေ့သစ် လာလိုက် ပြန်သွားလိုက်နဲ့ အဆင်ပြေနေတယ်

Flash Back

နေ့သစ် အေးချမ်းရိပ်ကို ညနေပိုင်း မုန့်ဝယ်ကျွေးမယ်ဆိုတဲ့နေ့က Hotpot City တွင်

"ချမ်း နေ့လည်က ပြောထားတာလေး"

"ဘာလဲ "

"ဟို ချမ်းကိုချစ်မိနေလို့လေ"

"ဪ အဲ့တော့ ချက်ချင်းကိုအဖြေပေးရမှာပေါ့ဟုတ်လား ဘာမှ မလေ့လာရဘဲ"

"အာအဲ့လိုမဆိုလိုပါဘူး ကိုမရည်ရွယ်ဘူး တကယ်"

"အခုတော့ အစား စားရအောင် စားပြီးမှပြောတော့"

"အင်း "

နှစ်ယောက်သား စားပြီးတော့ အအေးသောက်နေရင်း

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now