Episode 15

321 9 0
                                    

Unicode

နေ့သစ်တို့ တစ်ပါတ် ဆိုတဲ့ အချိန်ကို နှစ်ယောက်သား တူတူဖြတ်သန်းကြတယ်  ပျော်ရွှင်စရာတွေလည်းကြုံရတယ် စိတ်လှုပ်ရှားစရာတွေလည်း ဖြတ်သန်းခဲ့ကြတယ် ရန်ခုန်သံချင်းတွေလည်း ထပ်တူကြခဲ့ကြတယ် နေ့သစ်လည်း ချမ်းမြေ့ကို ရယူပိုင်ဆိုင်ခွင့်ရသလိုချမ်းမြေ့လည်း ပထမဆုံးနေ့မှာတင် နေ့သစ်ကို ရယူပိုင်ဆိုင်ခွင့်ရခဲ့တယ် နှစ်ဦးသား ချစ်ချင်းက ပေါက်ဖွားလာတဲ့ လိုချင်တပ်မက်မှုတွေ နှစ်ယောက်သားလုံး ပြည့်ဝကြတယ် အရမ်းပျော်ရွှင်ဖို့ကောင်းတဲ့ Honeymoon ခရီးလေးပေါ့

"ကို ကျွန်တော်တို့ ပြန်ကြရတော့မယ် တစ်ပါတ်ဆိုတာ ဘယ်လောက်မှကိုမကြာသလိုဘဲနော် ပြီးသွားတာ မြန်တယ်"

"အင်း ချမ်း ကိုလဲ အဲ့ဒီလိုတွေးမိတယ် မြန်မြန်တောင်မကုန်ချင်ဘူး ချမ်းနဲ့ တူတူ ပျော်ရွှင်စရာတွေ လုပ်ပြီး စီးမျောခံစားချင်တယ်"

"အင်း ဒါပေမယ့် ရန်ကုန်က အလုပ်က ပစ်ထားလို့မှမရတာ ကျွန်တော်လည်း သင်တန်းက တက်ရဦးမှာ ရုံးပိတ်ရက် ခဏပိတ်ထားပေမယ့် စာမေးပွဲက ဖြေရဦးမှာ"

"အင်း ချမ်း ကဲ ကိုတို့ စောစော ပြန်ရအောင် လူကြီးတွေလဲ မျှော်နေရောပေါ့ "

"အင်းကို"

ငွေဆောင်ကနေ ရန်ကုန်ကို ပြန်လာခဲ့တယ် မနက်စောစော ထပြီး Check out လုပ်ကာ ရန်ကုန်ကို နံနက် ၁၀ နာရီလောက်ပြန်ရောက်ဖြစ်တယ် တစ်ခါတည်း နေ့သစ်အိမ်ကို တန်းသွားလိုက်တယ်

"မေကြီးရေ သားတွေပြန်လာပြီဟေ့ သားလတ်နဲ့ သားငယ် မင်းကိုကြီးပြန်လာပြီ ပစ္စည်းတွေ ကူသယ်ပေးချေ"

အာရုံနဲ့ လင်းရောင် အဖေခေါ်တော့ ချက်ခြင်းပြေးလာပြီး နေ့သစ် ပစ္စည်းတွေ ဝိုင်းသယ်ကြတယ်

"အာ မေမေ မသယ်နဲ့ ကျွန်တော့ဘာသာသယ်ပါ့မယ် မေမေရယ် အညှီတွေဆိုတော့ မကိုင်နဲ့ တစ်လက်စတည်း ကျွန်တော်ဘဲ အပေခံလိုက်မယ် " ချမ်းမြေ့ ကိုကူသယ်ဖို့ နေ့သစ်အမေ လှမ်းတော့

"အေးသား "

"မေမေ ကျွန်တော့ ဒီပင်လယ်စာတွေ ထားပြီးရင် ရေအရင် ချိုးလိုက်မယ်နော် မေမေတို့ ကိုအားနာလို့ အနံတွေစွဲမှာစိုးလို့ "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now