Episode 26

228 10 0
                                    

Unicode

တစ်နှစ်ကြာပြီးနောက်

အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုဘဲ ခဏလေးဘဲ

ဆေးရုံမှာ လဲနေပြီး ကော်မာ ဝင်နေနဲ့ ကောင်လေးတစ်ယောက် ဘဝကို အရှုံးပေးကာ မနိုးထချင်လောက်အောင် သူပင်ပန်းနေခဲ့တယ်

အိမ်မက်လိုလို ဘာလိုလို နဲ့သူ့နားကို တောင်းပန်နေတဲ့ ကောင်လေး တစ်ယောက်အသံ ဒီအသံ သူမှတ်မိနေတယ် ဒီကောင်လေး သူ့ကို အမြဲနေ့တိုင်း လာလာ တောင်းပန်တယ် သူပြန်သွားတဲ့အခါ သူ့ဆီကို အမျိုးသမီးတစ်ယောက် ရောက်လာကာ စကားတွေပြောနေတာ ပြီးရင် အမျိုးသား တစ်ယောက် ရောက်လာကာ ချိန်းသွားတယ် တစ်ခါတစ်ရံ လူကြီးအသံတွေ ကြားရတက်တယ် အလာတော့ ကြဲတာ သူသတိပြုမိတယ် ကောင်လေးတစ်ယောက်ကတော့ လာမြဲလာစဲ ထိုအသံကိုသူ အလွတ်ရနေတယ် လာတိုင်း တောင်းပန်တယ် မြန်မြန်နိုးထလာဖို့ ကြိမ်ကြိမ်ပြောတယ် သူ့ကို အပြစ်ပေးဖို့ နိုးထဖို့ အကြိမ်ကြိမ် တောင်းဆိုနေတာ ကြာလာတော့ သူအားနာလာရတယ် ဒါပေမယ့် သူထပြီးမပြောနိုင်ဘူး  တော်ပါတော့ဆိုတာကို

တိမ်ယံလင်း တစ်ယောက် ခြောက်လလောက်နေတော့ အိမ်ပြန်ရောက်လာတယ်ရောက်လာတော့ သူ့အမေက အဆင်ပြေလားဘာညာပေါ့ အဖေကတော့ စကားမပြော တိမ်စိုင်လင်းက ဘုန်းကြီးဝတ်နေတာ ခြောက်လလောက် ရှိပြီတဲ့ အာရုံ နဲ့ နေ့သစ် အသိစိတ်မရှိ အရက်သောက် ဖြစ်ပျက်နေတာရယ် အိမ်တွင်းရေး အဆင်မပြေတာရယ်ကြောင့် တိမ်စိုင်လင်းတို့ လက်ထပ်ပွဲ နောက်ဆုပ်လိုက်ရတယ် အခြေအနေ အတည်တကျဖြစ်မှ ပြန်ဆက်မယ်ပေါ့ တိမ်စိုင်လင်းလဲ အပြစ်စိတ်နဲ့  ရှင်သန်နေရမှာထက် သာသနာ့ဘောင်ဝင်ပြီး သူငယ်ချင်းဖြစ်သူအတွက် ကုသိုလ်ပြု နေမိတယ် အိမ်ကလဲ ခွင့်ပြုတယ်လေ

ရူပါတစ်ယောက် ထိုနေ့က ချမ်းမြေ့အိမ်ရောက်လာပြီး တားရာက ချမ်းမြေ့ ကားရှေ့ပြေးတော့ သူနဲ့ အနီးဆုံးက ချမ်းမြေ့မို့ သူပြးဆွဲ တာ မှီရုံတင် သို့ပေမယ့် သူ တံခါး ဘောင်နဲ့ ပြေးတုံး တိုက်မိကာ ပြစ်လဲပြီးလက်ကြိုးသွားခဲ့ရတယ် သွေးသံရဲနေတဲ့ ချမ်းမြေ့နဲ့ အတူတူ ဆေူရုံ ပို့ခဲ့ရတယ် သုံးလလောက်နေတော့ လက်ပြန်ကောင်းသွားပြီး ပုံမှန်အတိုင်း သွားလာဖြစ်တယ် နေ့သစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ကာ ကူညီပေးနေတယ်

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now