Episode 31

246 8 2
                                    

Unicode

ဆေးရုံရောက်တော့ operationတန်းဝင်ရတယ် အခန်းအပြင်မှာ အားလုံးစောင့်နေတုံး နေ့သစ်အဖေက "ငါ့သားမက်လေးသာ တစ်ခုခုဖြစ်ကြည့် နေ့သစ် မင်းကိုငါသက်ပြီး ထောင်ထဲဝင်မယ် ဟိုကောင်တွေ ခွင့်လွတ်ခံရမယ် စိတ်မကူးနဲ့မင်းတို့ကိုပါသက်ပြစ်မှာ "

"သူဒီရောက်ရောက်ခြင်းလေ ဘဲလ်တီးတော့ သွား‌ဖွင့်တော့ လေ ငါ့ကို ဖက်ပြီးငိုတာ ရှိုက်ကြီး တငယ်ငယ်နဲ့ အတင်တွဲ ဖေကြီးကို ခေါ်ရတယ် ဖေကြီးလာတွဲတဲ့အခါ အငိုကမရပ်ဘူး ဘာဖြစ်လို့လဲ မေူတာ မဖြေနိုင် ငိုတာ တက်မတက်ဘဲ ငါ သနားလို့လေ ဘယ်လိုလုပ်ရမှန်း မသိဘူး သူငါ့ ကို ဖက်ထားတာ တင်းနေတာဘဲ အရမ်းလဲသူအားငယ်နေတာ ရောက်ထဲက ငိုတာ အခုဆေးရုံ မရောက်ခင်အထိဘဲ သူမပြောဘူး ဖုန်းဖွင့် ပြတဲ့အခါမှ သဘော ပေါက်ရတယ် နင်တို့တွေလေ အရမ်းလွန်တယ်သိလား သူ့ခင်ဗျာ အိပ်ယာကနိုးတော့ နေ့သစ် နင့်ကို ရှားနေတာသိလား နင်မရှိဘူး သူနိုးတဲ့အခါ နင့်ကို ဘေးမှာ ရှိနေစေချင်တာတဲ့ ငိုပြီးပြောတယ် သူမသန်တဲ့ခြေထောက်ကို အားယူ အကူမရှိဘဲ နံရံကိုင်လမ်းလျှောက်သွားတာ အိမ်ရှေ့ရောက်တော့ ကြားရတဲ့စကားတွေက နင်တို့ဟာ နင်တို့ "

"သားတို့ မသိခဲ့ဘူး မေမေ ချမ်း အခုလို ခံစားရမယ်လို့ သား လိုသွားပါတယ် နေမကောင်းတဲ့ ခင်ပွန်းနား မနေဘဲ အပြင်မှာ ဟီလာတိုက်နေမိလို့  "

"နင့်ကို အရမ်းစိတ်ပျက်တယ် သိလားနေ့သစ် "

"နေ့သစ် ချမ်းမြေ့ကို မစောင့်ရှောက်နိုင်ဘူး မကာကွယ်နိုငိဘူး လစ်လျူရှုမယ်ဆိုရင် အိမ်ဘဲ ပြန်ခေါ်သွားတော့မယ် နေ့သစ် အိမ်မှာ ငါတို့ စောင့်ရှောက်နိုင်တယ် မင်းဝန်မပိစေရဘူး " ချမ်းမြေ့အဖေ ပြတ်ပြတ်သားသားပြောလိုက်တယ်

"မဟုတ်ဘူး အဖေ ကျွန်တော် ချမ်းကို စောင့်ရှောက်နိုင်တယ် ကာကွယ်နိုင်တယ် ချစ်လဲချစ်တယ် "

"မင်းသာ ချစ်တယ်ဆိုရင် ငါ့သား အခုလိုတောင် ထုတ်ပြောလာမှာမဟုတ်ဘူး နေ့သစ် "

"ဟိုဦး ကျွန်တေည်တို့ ကြားက တောင်းပန်ပါတယ် ကျွန်တော်တို့ကြောင့် ကိုနေ့သစ် ကြားက ခံရတာပါ ကိုနေ့သစ် မြေစာပင် ဖြစ်ခဲ့ရတာပါ သူကိုချမ်းမြေ့ကို ချစ်တာတကယ်ပါ ကျွန်တော်တို့အသိဆုံးပါ အခုက ကျွန်တော်တို့ ဆွဲ ထားမိလိုက်လိုက်လို့ပါ ကိုနေ့သစ်ကပြောပါတယ် ကိုချမ်းမြေ့နားနေမယ်ဆိုပြီး ဒါပေမယ် သူအိပ်နေတာမို့မနေဖို့ စကားပြောရအောင်ဆိုပြီး ကျွန်တော်တို့ ဆွဲထားလို့ပါ "

ကမ္ဘာကြီးအားအချစ်တွေနဲ့ဧည့်ခံလှည့်ပါ (Completed)Where stories live. Discover now