[၆၂] အချစ်နာကျခြင်း။

Start from the beginning
                                    

ယွီဟုန်က တက်ကြွနေကာ အကျယ်ကြီးပြန်ဖြေလာခဲ့သည်။
"ဟင့်အင်း၊ ကျွန်တော်တိုက်ခိုက်နိုင်ပါတယ်ဗျ!"

"ကောင်းပြီ၊ ဒါဆိုလဲ သွားကြရအောင်!"

ကျန်းရွှင်းယီသည် ညာဘက်လက်ကိုဖြန့်ကာ မဲ့ဟွားဓားကို ဓားအိမ်မှဆွဲထုတ်လိုက်ပြီး သူ့ရှေ့၌ရှိနေသောရန်သူတွေအားလုံးကို ရက်စက်စွာဖြင့် ရှင်းထုတ်နေခဲ့သည်မှာ လေထုထဲမှအလင်းတန်းအလား ကြိမ်ဖန်များစွာမလှည့်လိုက်ခင်၌ မျက်စိတစ်မှိတ်အတွင်းမှာတင် သွေးပန်းပွင့်နီနီတို့က နေရာတစ်ခွင်လုံးတွင်ပြန့်ကျဲနေရော့သည်။ ဤလှုပ်ရှားမှုသည်ကား အမှန်စင်စစ်ပင် 'သွေးစွန်းလမ်းမကိုသတ်ဖြတ်ပါ'ဟူ၍ဆိုသည်။

ကျန်းရွှင်းယီသည် အကြင်နာတရားမထားပဲ တိုက်ခိုက်နေသည်။ သူရောက်လာကတည်းက စကားတစ်လုံးမှမပြောပဲ စတင်တိုက်ခိုက်ခဲ့တာဖြစ်သည်။ မီးတောက်ဂိတ်ဝဂိုဏ်းသားများဟာ နှစ်ပေါင်းများစွာတသီးတသန့်နေထိုင်ခဲ့ကြသည်ဖြစ်၍ ဤကဲ့သို့ရက်စက်ကြမ်းကြုတ်သောပုံစံကို မတွေ့မြင်ရသည်မှာ တော်တော်ကြာပြီဖြစ်၏။

နှာခေါင်းရိုးကျိုးကာ ပုပ်သိုးသိုးမျက်နှာဖြင့် ဒဏ်ရာအနည်းသာရထားသောလူကြီးတစ်ယောက်သည် မြေကြီးပေါ်မှရုန်းထလာကာ အော်ပြောသည်။
"မင်းဘယ်သူလဲ။ မင်းနာမည်ကိုတင်ပြစမ်း!"

"ကျန်းရွှင်းယီ" ကျန်းရွှင်းယီဓားထပ်ထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ပဲ ခင်ဗျားကျုပ်နာမည်ကိုသိသွားရင်တောင်မှ အသုံးမဝင်တော့ဘူး။"

သူ၏ဓားအလင်းဖျတ်ခနဲလက်သွားကာ လူကြီးသည်လည်း မြေကြီးပေါ်သို့လဲကျသွားလေသည်။

ယွီဟုန်သည် သူ၏ဓားကို မြေကြီးပေါ်မှပြန်ကောက်ကာ ကျန်းရွှင်းယီအနောက်မှလိုက်လာခဲ့သည်၊ သို့ပေသိ သူ့၌ လှုပ်ရှားဖို့ရာအခွင့်မရှိလိုက်။ သူ၏မျက်နှာပေါ်မှသွေးတွေကိုသုတ်ပစ်လိုက်ကာ ကျန်းရွှင်းယီတိုက်ခိုက်နေတာကို မှင်သက်နေသည့်အကြည့်ဖြင့် စိုက်ကြည့်နေမိရင်းဖြင့် သူ့ရှစ်ရှုမှာ ဒီကနေ့ကိစ္စအကြီးကြီးလုပ်ဖို့ရှိမှန်း နားလည်သွားရသည်။ သူသည် ကျန်းရွှင်းယီတကယ်မသေဘူးဟူသည့် သတင်းကိုရထားပြီးသားဖြစ်သည့်တိုင် ထိုကိစ္စ၏အတွင်း၊အပြင်ကို မယ်မယ်ရရမသိပါချေ။ သို့သည့်တိုင် ယခု၌မူ သူတစ်ခုခုဝင်ပူးခံရသလို ခံစားနေရလုနီးပါးပင်။ သူကျန်းရွှင်းယီ၏ဝတ်ရုံလက်ကိုဆွဲကာ အထစ်ထစ်အငေါ့ငေါ့ဖြင့်-
"ရှစ်-ရှစ်ရှု၊..ဦးလေးဘာဖြစ်နေတာလဲ..ဟင်?"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now