[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။

Start from the beginning
                                    

သူသည် အလွန်တရာလှပသောမျက်ဝန်းတစ်စုံကို လှစ်ဟပြလာသည်။ သူ၏မျက်လုံးထောင့်စွန်းမှာ အနည်းငယ်မျှချွန်မြနေသည်။ သူမျက်ဝန်းထောင့်မျှင်မှာလည်း မီးစာနှင့်တူကာ သူ၏မျက်လုံးအား ပို၍တောက်ပစေသည်။ ကြည့်ရသည်မှာ သူ၏မျက်တောင်တွေတောင်မှ ရွှေရောင်အမှုန်လေးများဖြင့်ခြယ်သထားပုံပေါ်နေသည်။ သို့သော် ဤအချိန်၌မူ၊ သူ၏မျက်နှာမှာဒေါသအပြည့်ဖြင့် သူ၏မျက်လုံးများစူးရဲနေကာ ဓားတစ်ချောင်းသဖွယ်လင်းလက်ထက်ရှနေ၏။

သူ၏ဖျားနာမှုကိုလိုက်၍ သူ၏အသားအရည်မှာ ဖြူဖျော့နေကာ သူ၏ရုပ်ရည်သွင်ပြင်သည်လည်း ပို၍ပင်ချောမောလှပလာသည်။ ပြစ်ချက်စိုးစဥ်းမျှရှာ၍မရနိုင်သည်ဖြစ်ရာ အဖြောင့်ကောင်တွေတောင်မှ ကူကယ်ရာမဲ့စွာဖြင့် သူ့အားပိုင်ဆိုင်ချင်လေသည်။ သူသည် သာမန်ထက်ထူးချွန်သာလွန်သည်ဖြစ်၍ သူ၏မြင့်မြတ်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့ရာ မဖြစ်နိုင်။ ထို့ကြောင့် သူတို့၏ရင်ဘတ်ထဲမှနာကျင်မှုကိုသည်းညည်းခံပြီး နေသွားရုံသာရှိသည်။

ချန်ယွမ်ရှင်း၏လက်ချောင်းမှာဖြူစုတ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ ကျန်းရွှင်းယီကို ကုတင်ပေါ်ပြန်တင်ပေးလိုက်ကာ ချုပ်တည်းထားသောအပြုံးဖြင့်-
"ကျန်းသခင်လေးလိုမျိုးတစ်စုံတစ်ယောက်က ယွမ်ရှင်းကိုမှတ်မိသေးတာပဲ။ ယွမ်ရှင်းဂုဏ်ယူဝမ်းမြောက်မိပါတယ်။"

ကျန်းရွှင်းယီ၏မျက်နှာပေါ်တွင် သူ့အိပ်မက်ထဲတွင်ဖြစ်ခဲ့သလိုမျိုး ကျိုးပဲ့လွယ်ခြင်းနှင့် ကူကယ်ရာမဲ့မှုတွေကို အလုံးစုံမပြသချေ။ သူသည် ချောင်းနှစ်ကြိမ်ဆိုးလိုက်မိပြီး လက်ဆန့်ကာ သူ့ရင်ဘတ်သူဖုံးကာလိုက်သည် - ထိုနေရာ၌ သွေးတို့မှိန်ဖျော့ဖျော့သာရှိနေတော့သည်။ ကျန်းရွှင်းယီသည် တစ်အောင့်မျှစကားပြောနိုင်စွမ်းမရှိပဲ ချောင်းအကြိမ်ကြိမ်ဆိုးနေလေသည်။ သူ၏ကျန်လက်တစ်ဖက်ဖြင့် အိပ်ရာပေါ်ကိုထောက်ကန်ထားပြီး ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် ခါးအနည်းငယ်မျှပိုမတ်ကာ ထိုင်နိုင်ခဲ့သည်။

သူယိမ်းယိုင်နေသည်ကိုမြင်တော့ ချန်ယွမ်ရှင်းအလျင်စလိုလက်ဆန့်ကာ သူ့ကိုဖေးမပေးလိုက်သည်။ သူသည် ကျန်းရွှင်းယီ၏ရင်ဘတ်ဒဏ်ရာကိုလက်တစ်ဖက်ဖြင့် ထိလိုက်ကာ သက်ပြင်းအသာချသည်။
"မင်းရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်လို့ရမလား။ ကျန်းသခင်လေး၊ မင်းကိုယ်မင်းဒီလိုမျိုးမပြုစုနိုင်တဲ့အချိန်မှာ ငါမင်းကိုသနားဖို့မလိုပါဘူး။ တကယ်လို့ မင်းတကယ်မလွတ်လပ်နိုင်ဘူးဆိုရင် ဘာလို့များ ငါ့ကိုမင်း(top)အပေါ်မှာနေခွင့်မပေးရတာလဲ။ အဲ့ဒါဆိုရင် အချစ်နာကျတဲ့ခံစားချက်ကို ငါဖြေရှင်းပေးနိုင်တယ်လေ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now