[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။

Start from the beginning
                                    

ကျန်းရွှင်းယီ၏စိတ်မှာ ရှုပ်ထွေးနောက်ကျိနေပြီး သူ့ကိုယ်သူရေရွတ်လိုက်သည်။
"ဒီနေ့က ကျွန်တော်ဆေးရုံကဆင်းတဲ့နေ့ပဲ။ တကယ်လို့ အဖေသို့သာ ကျွန်တော့်ကိုလာမခေါ်ဘူးဆိုရင် ကျွန်တော့်ဘာသာကျွန်တော်ပြန်လာမှာပါ။ အဖေ၊ အဖေအချိန်ဖြုန်းနေပြီးတော့ လူတိုင်းကိုနောက်ကျအောင်လုပ်နေတာပဲ။ အမေ အဖေ့ကိုဆူခဲ့သေးလား။ အစ်ကို၊ အခုဆိုရင် ကျွန်တော်အစ်ကိုနဲ့အတူ ဘတ်စကတ်ဘောကစားလို့ရပြီလေ၊ ကျွန်တော်တို့ဘာလို့မပြိုင်ကြည့်ရတာလဲ..."

သူ့ရှေ့ရှိမြင်ကွင်းမှာ ကြည်လင်ပြတ်သားလှသည်။ အိပ်မက်မဟုတ်၊ မဟုတ်တော့ သေချာမပြောနိုင်ပေ။ ညအိပ်မက်ဟာ အိမ်ကိုမဟုတ်ရင် ဘယ်နေရာကိုများသွားပါလိမ့်။

နောက်ဆုံး၌ အဖြေမရှိသည့်တီးတိုးရေရွတ်သံများတဖြည်းဖြည်းရပ်တန့်သွားကာ သူသည်လည်း အမှောင်ထုဆီသို့ ထပ်မံကျရောက်သွားပြန်တော့သည်။

အချိန်မည်မျှကုန်ဆုံးသွားကြောင်းသူမသိပေ။ သူမူးဝေနေသည့်ကြားထဲမှာပင် သူ့မျက်နှာယားယံနေသည်ကို ခံစားမိသည်။ သူချက်ချင်းလက်ဆန့်ကာ တားမြစ်လိုက်သော်လည်း အသားနွေးနွေးကိုသာ သူခံစားမိလိုက်သည်။

သူ့အပေါ်မှာလေလွင့်ကျင့်ကြံသူဇီဟွေ့ဖန်တီးခဲ့သည့်အရိပ်ဟာ အလွန်နက်ရှိုင်းသည်ဖြစ်၍ ကျန်းရွှင်းယီလုံးလုံးလျားလျားမနိုးကြားခင်တွင် ကိုယ်လုံးတီးနှင့်မိန်းမတစ်ယောက်၏အသွင်အပြင်ဟာ သူ့စိတ်ထဲမှာပေါ်လာခဲ့သည်။

ဒါကိုတွေးမိရင်းဖြင့် သူချက်ချင်းလှည့်ကာထထိုင်လိုက်ပြီး သူ့အားဘေးကနေ၍ကိုယ်တစ်ပိုင်းဖိထားသောတစ်ယောက်ကို တွန်းထုတ်လိုက်မိသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှာအလွန်အားနည်းနေလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။ ဤမျှလှုပ်ရှားလိုက်ရုံဖြင့် သူသည် အိပ်ရာပေါ်မှပြုတ်ကျလုနီးနီးဖြစ်သွားရသည်။ သူဟာ တစ်ဖက်လူ၏ပွေ့မခြင်းခံလိုက်ရပြီး ထိုသူသည် သူ့အားတစ်ဝက်ဖက်လျက်သားဖြင့် ကုတင်ပေါ်သို့တင်ပေးကာ ပြန်၍လဲလျောင်းစေသည်။

ကျန်းရွှင်းယီ၏ဒဏ်ရာမှာ များပြားလှပြီး သူ့စိတ်ထဲတွင်နာကျင်မှုကရှင်းလင်းသိသာနေသည်။ မတိုင်ခင်ကဖြစ်ခဲ့တာတွေကိုပြန်တွေးကြည့်ရင်းဖြင့် ရုန်းကန်နေခြင်းဟာလည်း အသုံးမဝင်ဘူးဆိုတာ သူသိနေလေရာ ရိုးရိုးစင်းစင်းပင် သူမလှုပ်ရှားတော့ပေ။ သူမျက်လုံးဖျတ်ခနဲလက်သွားကာ တစ်လုံးချင်းစီပြောလိုက်သည်။
"ချန်ယွမ်ရှင်း"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now