"တစ်ညလုံးလဲဆက်တိုက်ငိုခဲ့ပြီးပီ အငိုတိတ်ပါတော့မေမေ့သားရယ် ကြာရင်မူးလဲသွားလိမ့်မယ်.....မေမေတို့အဆင်ပြေသွားမှာပါ စိတ်ကိုတင်းထားရမယ်လေ"

ယွံလိုက်တာ.....

ဘေးနားကနေ တစ်ရှုံ့ရှုံ့ချုံးပွဲချငိုပြနေတဲ့ဒီအမျိုးသမီးကို နှစ်ကုန်ရုပ်ရှင်ပွဲတော်မှာအကယ်ဒမီသာပေးပစ်လိုက်ချင်ပါရဲ့၊ သူမကဟန်ဆောင်ကောင်းလေတော့ "Ariရယ်"ဆိုတဲ့လေသံဖွဖွတစ်ချို့နဲ့အတူ ထိုယောင်္ကျားရဲ့နှစ်သိမ့်ပြခြင်းတွေက သွားလေသူဖေဖေ့ကိုမှအားမနာ သေလူကိုရှေ့ထားလို့မျက်နှာပြောင်တိုက်နေလိုက်ကြတာ၊ သူမ လိုချင်တာကလဲဒါပဲလေ

သားဖြစ်သူကိုသနားပြမယ် ရင်ထုမနာငိုပြမယ် ပြီးရင်ငွေမက်လှပါတဲ့ဒီအမျိုးသမီးဟာ ငွေတွင်းကြီးပွင့်အလာကိုဒိုင်ဗင်ထိုးခုန်ချဖို့စောင့်နေမယ် ယွံရှာစရာအတိပဲ

ဆောင်ဟွန်း ပုခုံးပေါ်လာနွယ်နေတဲ့စက်စုပ်ဖွယ်လက်တစ်စုံကို တစ်ချက်ချင်းတင်းမာစွာဖယ်ချပစ်လိုက်သည်။ ခပ်သာသာငဲ့ကာမော်ကြည့်လိုက်တော့ မျက်ရည်စတွေနဲ့အကြည့်တို့ဟာနာနာကျည်းကျည်း၊ ရဲတက်နေတဲ့သွေးကြောမျှင်တွေထဲမှာ အဆုံးမရှိသောမုန်းတီးမှုတွေအပြည့်ပါဝင်နေသည်၊ ဒါကိုရင်ခွင်ထဲမှာငိုပြနေတဲ့မိန်းမကမြင်တော့ မသိမသာမျက်နှာတစ်ချက်မဲ့သွား၏။

"သား...အမေတို့ဒီလောက်နဲ့အပြင်ထွက်ကြရအောင်ပါကွယ် ငါ့သားငိုရတာလဲမောလွန်းလှပြီ အမေလဲမမြင်နိုင်တော့ဘူးဒီ့ထက်ပိုပီး ရေခဲတိုက်ကလဲမကြာခင်အလောင်းကိုလာယူကြတော့မှာ စျာပနအတွက်လဲပြင်ရဆင်ရအုံးမယ်လေ အမေတို့သွားကြရအောင်နော်"

"ဟုတ်ပါတယ်ဆောင်ဟွန်း ခနလောက်အိမ်ပြန်ပြီးအနားယူလိုက်ပါ အန်ကယ် မင်းအိမ်ကပစ္စည်းတွေအကုန်လုံးကိုလဲ Simအိမ်တော်ဆီအမှာလွှတ်ပြီးရွှေ့ခိုင်းထားလိုက်ပြီ ဟိုပြန်ပီးခနနားလိုက်ပါတော့"

ထပ်ပြောလာသောMr.Sim၏ စကားသံကြောင့် ဆောင်ဟွန်းငိုင်ကျနေရာမှ ဖြတ်ခနဲစူးစူးရဲရဲလှည့်ကြည့်မိသည်။

My Essential Hoon Where stories live. Discover now