[၆၀] နှုတ်ဆက်ပါတယ်။

2.1K 420 21
                                    

!Unicode!

အခန်း(၆၀) နှုတ်ဆက်ပါတယ်။

-----

ယွင်ရှဲ့မျက်လုံးမှိတ်ကာ သူ့နှလုံးသားထဲမှဝမ်းနည်းပူဆွေးသောကကိုဖိနှိပ်လိုက်ရင်းဖြင့် ကျန်းရွှင်းယီကိုပွေ့ဖက်လိုက်သည်။
"သေချာဂရုစိုက်!"

ကျိုးကျန့်ဖန်သည် ဘေးတွင်ရပ်ကာ ဒီထက်ပို၍သည်းမခံနိုင်တော့ပေမဲ့ စကားပြောဖို့ခဲယဥ်းနေသည်ဖြစ်ရာ ချောင်းခြောက်သာဆိုးလိုက်ရသည်။

ကျန်းရွှင်းယီကလဲ သူ့ကိုတွန်းထုတ်နေပြီဖြစ်၍ လွှတ်ပေးလိုက်ပြီးနောက် ကျိုးကျန့်ဖန်ကိုစူးစိုက်ကြည့်လိုက်သည်။
"ကျိုးကျန့်ဖန်၊ မင်းငှက်မွှေးမျိုချထားလို့လား။"

ပြောဆိုဆက်ဆံရာ၌ ကွဲပြားခြားနားမှုကား အလွန်တရာသိသာလှပေသည်။ ကျိုးကျန့်ဖန်နည်းနည်းတော့တင်းသွားပေမဲ့ အနည်းဆုံးတော့ သူ နောက်ဆုံးမှာကြားဖြတ်ဝင်ဖို့အခွင့်အရေးရလိုက်သည်။ သူသည်းခံကာ အရေးကိစ္စဆီပြန်သွားလိုက်သည်။
"ရွှင်းယီက မီးနဲ့ဓားပင်လယ်ဆီသွားတာမဟုတ်ပါဘူး။ မင်းဒီလောက်ထိဖြစ်ပျက်ပြမနေနဲ့၊ ငါဂိုဏ်းထဲမှာနေလာတာ ဆယ်နှစ်ရှိပြီ၊ ငါအသက်ရှင်နေသေးတယ်မဟုတ်လား။"

ကျိုးကျန့်ဖန်ခဏရပ်ကာ ဆက်ပြောသည်။
"ဒါပေမဲ့ဒီရက်တွေမှာ ငါက အပြင်စည်းတပည့်တွေကို သင်ပေးရမှာလေ။ ညီအစ်ကိုယွင်၊ ငါတို့နီးနီးလေးပါ။"

ကျန်းရွှင်းယီကို ကျိုးကျန့်ဖန်နှင့် လဲလှယ်ရခြင်းကား ယွင်ရှဲ့အတွက်တော့ မပြောပြနိုင်လောက်သည့်ဆုံးရှုံးမှုကြီးပင်ဖြစ်၏။ သူ့မျက်နှာမဲမှောင်သွားရပေမဲ့ သူလုပ်နိုင်တာဘာမှမရှိပေ။

ကျိုးကျန့်ဖန်သည်လည်း စိတ်ပျက်နေပါသည်။
"ယွင်ရှဲ့၊ ငါကအခုမင်းညီအစ်ကိုဆိုတာ မမေ့နဲ့။ မင်းမျက်နှာပေါ်အဲ့ဒီ့အမူအရာကို သုတ်ပစ်လိုက်လို့ရမလား။ မင်းရဲ့ပြီတီတီအပြုံးကိုပဲ ငါ ပိုပြီးလိုလားတယ်။"

ယွင်ရှဲ့ပြန်ဖြေလိုက်သည်။
"ငါမရယ်နိုင်ဘူး။ မင်းကလဲ အပြင်စည်းထဲမှာနေတော့မယ်ဆိုမှတော့ ငါကရော ဘာလို့ငါ့စွမ်းရည်တွေကို မထုတ်ပြသင့်တာလဲ၊ ပြီးရင် အထဲကိုဝင်ပြီး အားရွှင်းကိုကူညီကြမယ်လေ။"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now