Part 38 🌵🌵( final part)

6.2K 272 17
                                    

Zawgyi...

Sa Pa  ရဲ့နာမည်ကြီးလှေကားထစ်စိုက်ပျိုးခင်းနဲ့
တောတောင်သဘာဝတွေကို မြင်ရဖို့ အရင်ဆုံး ကားနဲ့ ဟိုတယ်ကို ထွက်လာရတယ်။ ဟိုတယ်က
တောင်တွေကြားဆောက်ထားတာမို့လို့
လောင်ကိုင်ကနေ ၂နာရီ
လောက်ကားမောင်းရသေးတယ်။  လမ်းတစ်လျှောက် Soul ကတော့ ဓိပ်ပေါင်ကို ခေါင်းအုံးရင်း
အိပ်ပျော်လာတယ်။
၁နာရီခွဲလောက်ပဲအိပ်ပြီးတော့ နိုးလာတယ်

ခေါင်းအုံးထားတဲ့ ပေါင်က တောင့်နေမှာ
သိတာမို့ Soul လက်သွယ်သွယ်လေးက ပေါင်ကို
အသာထုပေးဆုပ်နေမိတယ်။

"ဓိပ်ခြေထောက်တွေအရမ်းကျဉ်နေလား.."

"Soul ခေါင်းကပေါ့ပေါ့လေးကို ဒီလောက်နဲ့
ဘယ်ကျဉ်ပါ့မလဲကွာ..."

ကြည်နူးရင်း ပြောဆိုရင်းနဲ့ပဲ တည်းမယ့် Phuong Nam Hotel  ကိုရောက်လာတယ်။
တောတောင်တွေကြားဆောက်ထားတာမို့ လေထုကလတ်ဆတ်ပြီး ကောင်းကင်ကြီးက
ကြည်လင်တောက်ပနေတယ်။

အခန်းထဲရောက်လို့ ဝရန်တာတံခါးဖွင့်လိုက်တာနဲ့
တောင်တန်းကြီးက မျက်စိရှေ့မှာတင် စိမ်းစိုနေတယ်။ အထုပ်အပိုးတွေနေရာချပြီးတာနဲ့ Múong Hoa တောင်ကုန်းက လှေကားထစ်စိုက်ခင်းကိုသွားဖို့
ရေမိုးချိုးပြင်ဆင်ရတယ်။ ကိုလင်းနဲ့ စကားပြန်လေးကတော့ တခန်းယူပြီး
ဓိပ်နဲ့ Soul ကတော့တခန်းယူမယ်တွေးပေမယ့်
စကားပြန်လေးက သူ့မိဘတွေက ဒီမှာနေတာမို့ မိဘအိမ်ပဲပြန်လိုက်မယ်တဲ့။ ကိုလင်းကတော့
၂ယောက်ခန်းမှာသူပဲနေရတော့မယ်ဆိုပြီး တခိခိနဲ့
ပျော်နေတော့တာ။

၁နာရီကျော်ကြာအောင်ပြင်ဆင်ပြီးတာနဲ့
ကားနဲ့ ကေဘယ်ကားစီးမယ့်နေရာဆီထွက်လာတယ်။ ကေဘယ်ကားက ဟိုတယ်နားကနေ စိုက်ခင်းတွေဆီကို
ပို့ပေးတယ်။ ကေဘယ်ကားပေါ်ကနေ ကြည့်ရတဲ့ရှုခင်းက ဘာနဲ့မှမလဲနိုင်ဘူး။ လက်မှတ်ဖြတ်ပြီး
ကေဘယ်ကားပေါ်တက်တာနဲ့ Soul ကင်မရာက
တဖျပ်ဖျပ်နဲ့ စတင်တော့တယ်။
ဓိပ်ကတော့ Soul ပါးလေးကို တချက်မွှေးကြူရင်း

"ပျော်လား.."

"အရမ်း ပျော်တယ်...ဓိပ်နဲ့ အတူတူသွားရတာမို့
ပိုပျော်တယ်...အရမ်းချစ်တယ်..."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now