Part 37 🌵🌵

2.8K 232 41
                                    

Zawgyi..

ဒီနေ့ကတော့ Honeymoon trip ပါပဲ။ မနက်ကတည်းက တက်ကြွနေတဲ့ Soul နဲ့ ဓိပ်တို့နဲ့ မတူပဲ
ကြက်လည်လိမ်သလို ဖြစ်နေတဲ့ ကိုလင်းရယ်ပါ။
ဓိပ်တို့နား တဝဲလည်လည်နဲ့

"ကျွန်တော်လည်း သွားချင်တယ်လို့.နော်..နော်
မရှိတဲ့သူလိုနေပါ့မယ်လို့...ကျွန်တော်ရှိနေမှန်းမသိရအောင်နေပါ့မယ်နော်...ခေါ်သွားပါလို့...
ဗြဲ..ဗီယက်နမ်ဆန်ခေါက်ဆွဲ စားချင်တယ်လို့..." ဆိုပြီး
အနားမှာ ဂျီလာတိုက်နေတဲ့ လင်းပြည့်ရယ်ပါ။

:လေယာဉ်လက်မှတ်မှ မရတော့တာကွာ..နောက်တခါကျ
ကိုယ့်ဘာသာသွားလေ..."
ဆိုပြီး ဓိပ်ကပြောတော့

"အစ်ကိုလေးရော ဆရာရော အကျင့်မကောင်းဘူး.."
အော်ရင်း ပြေးထွက်သွားတယ်။

"အေးနော်...အခုနေသွားရင် မလိုက်ရပဲနေမယ်နော်.."
ကြားတော့ ရပ်သွားပြီး

"ဟင် ..ခေါ်မှာလား ကျွန်တော့်ကို.."

"ဒါပေါ့..ကိုလင်းမပါပဲ သွားစရာလား..အခုမြန်မြန် အဝတ်တွေသွားထည့်နော်..."
ဆိုပြီး Soul ပြောတော့မှ

"ဂါးးးးး ခေါ်မယ်ဆိုလည်းပြောလေ အခုတော့ တကောက်ကောက်လိုက်ပြီး ပြောနေရတယ်..မောလိုက်တာ.."
လို့ပြောရင်း နှုတ်ခမ်းဆူပြီးထွက်သွားတယ်။

"အေးနော် စူပုပ်နေရင် ထားခဲ့မှာ..." လို့မာန်မဲခံရတော့ လေဆာသွားတိုက်ဆေးကြော်ငြာလို
သွားကြီးဖြဲပြီး

"ဟုတ်ရယ်နေပြီ ခင်မျ.."တဲ့လေ။ ကြည့်လိုက်တော့
လူသတ်အပြုံးကြီးနဲ့ရယ်။ Soul ကတော့ တခွိခွိနဲ့
ရယ်နေတာ အသောမသတ်တော့ဘူးရယ်။

ညနေရောက်တော့ လေဆိပ်ဝင်းထဲက
စားသောက်ဆိုင်မှာ ညနေစာစား အေးဆေးနားပြီးမှ
ထွက်ခွာမယ့် ဂိတ်ကိုထွက်လာတယ်။ လူခေါ်တာ
စောင့်နေတုန်း နိုင်ငံခြားသူမလေးတစ်ယောက်က ကိုလင်းဆီလျှောက်လာပြီး Ig acc
တောင်းပါလေရော။
ကိုလင်းပြောလိုက်တဲ့ စကားကြောင့် ဓိပ်ရောSoul ရော အရယ်မရပ်တော့ဘူး။ ကောင်မလေးကတော့
ပြုံးစိစိနဲ့ပဲ ဆောရီးပြောရင်းထွက်သွားတယ်။

"I like boys.."တဲ့လေ။

"ကိုလင်းက တကယ်ပဲ ယောက်ျားလေးသဘောကျတာလား..."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now