Part 21 🌵🌵

2.9K 275 20
                                    

Zawgyi..

ကားပေါ်ရောက်လာတော့ ဓိပ်က Soul ကိုယ်လေးကို
သူ့ရင်ခွင်ထဲ ထွေးပွေ့ထားတယ်။ ဘာဖြစ်လာလဲဆိုတာ
လင်းပြည့်က မသိတော့ ကြောင်တောင်တောင်
ရယ်။ ဓိပ်က Soul ခေါင်းလေးကို နမ်းရှိုက်ရင်း

"Soul ဘယ်လိုတွေတောင် ကြီးပြင်းလာရတာလဲကွာ..
ကိုယ်တောင်းပန်ပါတယ်..."
ဆိုပြီး ထွေးပွေ့
ထားမိတယ်။ ရင်ခွင်ထဲက ကလေးငယ်က ရုန်းထွက်လို့

"ကျ့န်တော်အဆင်ပြေပါတယ်..ကျွန်တော်တို့ အိမ်ကိုပဲ ပြန်ရအောင်လေ.."
ဆိုပြီး
ကားပြတင်းပေါက်နား ထိုင်လို့ စတွေ့တုန်းကလို
အပြင်ကိုပဲ ငေးကြည့်နေဆဲ။ အခုတော့ Soul ကို
တွေ့တာနဲ့ဘာဖြစ်နေလဲ သိရဖို့ ဓိပ်အတွက်
မခက်တော့ဘူး။

အိမ်ရောက်တော့ Soul ရေမိုးချိုး သန့်စင်လို့
အေးဆေးပဲဖြစ်နေတယ်။ အေးဆေးမဖြစ်နိုင်သူက ဓိပ်ပင်။ ဝမ်းနည်းနေသူကို နှစ်သိမ့်ပေးရတာ
လွယ်ပေမယ့် အေးဆေးချင်ယောင်ဆောင်နေတဲ့
သူကို နှစ်သိမ့်ပေးရတာတော့ ခက်လှသည်။

နောက်ဆုံးတော့ ဓိပ်ကိုကြည့်လို့ ပြုံးပြပြီး

"ကျွန်တော်နဲ့ ခြံထဲဆင်းထိုင်ပေးမလား..."တဲ့။

"သေချာတာပေါ့ Soul တခြားရော ဘာလုပ်
ချင်သေးလဲ..."မေးတော့ ခေါင်းခါမလို့လုပ်ပြီးမှ

"တခုရှိတယ်..ဓိပ်ရေခဲသေတ္တာထဲဝယ်ထည့်ပေးထားတဲ့
ချောကလက်ကိတ်လေး ရယ် နှပ်ကော်ဖီလေး
တခွက်ရယ်တော့ သောက်ချင်သား.."

ဓိပ်လည်း Soul လက်ကိုဆွဲလို့ မီးဖိုချောင်ဆီ ခေါ်လာပြီး
ခုံမှာ ခဏထိုင်ခိုင်းကာ စက်မှာကော်ဖီမှုန့်ထည့်လို့နှပ်ထားလိုက်တယ်။ နှပ်နေတုန်း နို့ကိုအမြှုပ်
ထအောင်လုပ်ပြီး ကော်ဖီနှပ်ထားတာရတော့ ခွက်ထဲ
ကော်ဖီထည့် သကြားထည့် နို့ဆီ နည်းနည်းထည့်လို့ နွားနို့ကိုနောက်ဆုံးထည့်ပြီး
မွှေလိုက်တော့ အနံ့က သောက်ချင်စရာ
ပျံ့လွင့်နေတယ်။ Soul က အနံ့ကိုရှုနေသလို
လုပ်ပြီး

"အားး ဓိပ်ရဲ့ကော်ဖီလက်စွမ်းကတော့ အမြဲမိုက်နေတော့တာပဲဗျာ.."

ကော်ဖီခွက်လေးကို ချပေးပြီး ရေခဲသေတ္တာဆီ
လှမ်းလို့ ကိတ်ထုတ်နေရင်း

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now