Part 19 🌵🌵

3K 287 16
                                    

Zawgyi...

"ညအခါ လသာသာ
ကစားမလား စားမလား .."ဆိုပြီး Soul တို့ထိုင်နေတဲ့
ဆိုင်ရှင်ရဲ့သားလေးက ရွတ်နေတယ်။

မကြာပါဘူး စားစရာတွေရောက်လာတော့
ကိုယ်စီကိုယ်ငှ ပန်းကန်အလွတ်တချပ်စီ ယူပြီး
ထည့်စားကြတယ်။ Soul ကဦးဆောင်လို့
ဓိပ်နဲ့ ကိုလင်းရဲ့ပန်းကန်ထဲ မြေအိုးမြီးရှည်
နည်းနည်းစီ ထည့်ပေးလိုက်တယ်။ ဓိပ်ကတော့
ဘာအမူအရာမှ မပြဘူး။ ကိုလင်းကတော့
မျက်လုံးတောင်ပြူးရင်း

"ကောင်းလိုက်တာ အစ်ကိုလေးရေ..ကျွန်တော်
တော့ကြိုက်တယ်.." ဆိုပြီး ဆက်စားနေတယ်။
Soul လည်း

"ဓိပ်ကရော အဆင်ပြေရဲ့လားဗျ စားရတာ.."

"ကိုယ်ကတော့ ဒီလိုပါပဲ..စားလို့ရပါတယ်.." ဆိုပြီး
ပြောတော့ Soul က ဓိပ်အတွက်မှာထားတဲ့
မြီးရှည်ပန်းကန်လေးကို ဓိပ်ရှေ့ချပေးလို့

"ဒါဓိပ်အတွက် မှာထားတာ ကြိုက်လောက်မယ်
ထင်ပါတယ်..မြည်းကြည့်ပါဦး.." ဆိုတော့
ဓိပ်က တူနဲ့ နည်းနည်းယူစားလိုက်ပြီး အပြုံးတပွင့်နဲ့

"ကိုယ်တကယ်ကြိုက်တယ် ကျေးဇူးပါ Soul လေး.."
ဆိုပြီး ပြောလည်းပြော Soul ရဲ့ ရှမ်းခေါက်ဆွဲ
ပန်းကန်ကို လှမ်းယူရင်း တူနဲ့ နယ်ပေးလို့
Soul ဆီပြန်ပေးတယ်။

ပြီးတော့ Soul စားသမျှကိုကြည့်နေမိတယ်။
သူ့ခင်ပွန်းလေးကလေ တကယ်ကို
ပြည့်စုံလွန်းတယ်။ စားတာကလည်း
သပ်ရပ်တယ်။ တစ်ရှူးကို ဖြန့်လို့ အဲဒီတစ်ရှူးအပေါ်
အမှိုက်တင်စေတယ်။ ပြီးတော့ သူ့ရှမ်းခေါက်ဆွဲကို
ပြပြီး

"မြည်းကြည့်ဦးမလား ဓိပ်.."

"အွန်း Soul လေးခွံ့ကျွေးလေ..." ဆိုတော့
တူနဲ့ အကျအနယူလို့ ဓိပ်ဆီ ခွံ့လာပေးသူ။
ဖိတ်ကျမှာစိုးလို့ အောက်ကနေ လက်ကလေးတောင်
ခံပေးထားသေးတယ်။ ဓိပ်လည်း စားတာ
တဝက်လောက် ရောက်တော့ ငါးရိုးထွင်ခြင်းကို
စရပြီ။ ငါးအပေါ်ယံအရေခွံမှာ မီးသွေးငွေ့တွေ
ကပ်နေတတ်လို့ ဓိပ်က အပေါ်ယံ အရေခွံကို
ဖယ်ပေးတယ်။

မီးသွေးနဲ့ကင်ထားတဲ့
ငါးအရေခွံက အဆုတ်မကောင်းတဲ့ Soul အတွက်
အစာမကြေဖြစ်စေသလို လည်ချောင်း ယားယံတာပါဖြစ်တတ်တယ်။ ပြီးတော့ ဘေးနား
တစ်လျှောက် အရိုးတွေရောပဲ။ အားလုံးဖယ်ပေး
ပြီးမှ Soul ကို ငါးတဖတ်ခွံ့ကျွေးတော့ အလိုက်သင့်
ပါးစပ်ဟပေးသူ။ ခွံ့ကျွေးလာတဲ့ ဓိပ်ကို ပြုံးပြရင်း
'ကျေးဇူးပါဗျ..' ကိုလည်း ပြောဖို့မမေ့ဘူး။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now