Part 17 🌵🌵

3.1K 301 13
                                    

Zawgyi....

နောက်တစ်နေ့ရောက်တော့ Soul အလုပ်ပြန်တက်ဖို့
ပြင်ဆင်ရပြီဖြစ်သလို ဓိပ်ကလည်း ပထမဆုံရုံးဖွင့်ရက်
ဖြစ်နေပြီ။ အန်တီခင်လည်း ပြန်ရောက်လာလို့
ထမင်းချက်ခြင်းတာဝန်ကိုစလို့ Soul အတွက်
ထမင်းဘူးလေးက အသင့်။
'ကျေးဇူးပါဗျ..' ဆိုတာကို မနက်တိုင်း အန်တီခင့်ဆီပြောဖို့ကိုလည်း မမေ့ခဲ့ဘူး။

ဓိပ်ကတော့ Soulကိုရုံးပို့ပြီးတာနဲ့ သူ့ရုံးဆီ
ထွက်သွားတယ်။ ကားမောင်းပို့ပေးတဲ့ ကိုလင်းကို
လည်း ကျေးဇူးပါဗျ ပြောရင်း ဓိပ်ကိုလည်း အပြုံး
တချက် စွန့်ကြဲပေးဖို့ မမေ့ခဲ့ဘူး။ နေ့တိုင်း
ဒီလိုဖြတ်သန်းလာတာ ရက်သတ္တပတ်ရောက်ခဲ့ပြီ။

ရင်းနှီးမြှုပ်နှံမှု Company အကြောင်းကို
ကြေညာလိုက်တာနဲ့ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်လာတဲ့ သူတွေကလည်း မနည်းဘူး။

ဒေါက်!ဒေါက် !!

လင်းပြည့်က တံခါးသွားဖွင့်ပေးတော့
မြတ်နိုးဝေ။

"Soul နဲ့ဆရာ့အတွက် လက်ဆောင်လာပေးတာပါ..
ဓနိဖူးခြောက်က အာရုံကြောအတွက်
ကောင်းတယ်တဲ့ဆရာ..
ဆရာရော Soul ရောက အာရုံစိုက်ရတဲ့
အလုပ်တွေ လုပ်ရတာမို့လေ..ဆရာ့လက်ထောက်
အတွက်လည်း ပါပါတယ်.."
ဆိုပြီးပြောလာတယ်။ ကိုယ့်အတွက်ပဲဆို
ငြင်းလိုက်လို့ ရပေမယ့် Soul ကိုပါနာမည်တပ်လာတာမို့

"ကျေးဇူးပါ ညီမ..."လို့ဆိုလိုက်တော့ ခေါင်းငြိမ့်
ပြီးထွက်သွားတယ်။ လင်းပြည့်ကတော့ပြောတယ်

"သူက အစက ဆရာ့ကို သဘောကျနေတယ်ထင်တာ..
အခုမှ ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ..."

ဓိပ်ကတော့ သူ့ကို စိတ်ထဲမပြောနဲ့ ခြေဖျားထဲတောင်
မရှိတာမို့ ဘာမှလိုက်တွေးမနေတော့ဘူး။ ဓိပ်အတွေးထဲ
Soul တစ်ယောက်တည်းနဲ့တောင် နေရာမလပ်
ဖြစ်နေတာ သူ့ပါလိုက်တွေးနေဖို့ နေရာက
ရှိမနေဘူး။ ဟောတွေးရေင်း သတိကရလာပြန်ပြီ။ သတိရလာတော့ လက်က အလိုလိုနေရင်း ဖုန်းဆီကို

"ဟဲလို အမိန့်ရှိပါ..."

"ကိုယ်ပါ Soul အခုအားလား.."

ကိုယ်ပါဆိုတာကြားတော့မှ ဖုန်းနံပါတ်ပြန်
ကြည့်မိတော့တယ်။ Soul အတွက် ဝန်ကြီးဌာနက
ဝင်လာတဲ့ ဝင်စာတွေကို ဖတ်ပြီး ရည်ညွှန်းစာ
ပြန်ရိုက်နေတုန်း ဖုန်းကဝင်လာတာပဲ။ အားလား
မေးရင်တော့ မအားဘူးပေါ့။ ဒါပေမယ့် မအားဘူးလည်းမပြောချင်တာမို့..

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now