Part 31 🌵🌵

2.7K 249 18
                                    

Zawgyi....

မကြာပါဘူး ဓိပ်က အစည်းအဝေးခန်းထဲဝင်သွားတော့
ဓိပ်ကိုယ်ရေးလက်ထောက်ဖြစ်တဲ့ Soul ကပါ အခန်းထဲဝင်သွားရတယ်။ ကိုလင်းက အစည်းအဝေးအစီရင်ခံစာတွေ လိုက်ပေးပြီး Soul ကိုတော့ ဘာမှ မလုပ်ခိုင်းဘူး။
Soul လည်း မနေတတ်လို့ ရေသန့်ဘူးလိုက်ချပေးဖို့
လုပ်တော့ ဓိပ်က အလုပ်မခံပဲ

"ကိုယ့်ရေဘူး ကိုယ်လာယူကြ..' ဆိုတော့
တခန်းလုံးက

'ငါလိုချင်တာ အဲဒီလို အစ်ကိုမျိုး.."
ဆိုပြီး
အသံတွေ ထွက်လာရော။
ဓိပ်ကတော့ အေးဆေးပေမယ့်
မအေးဆေးနိုင်တာ Soul။ ညီအစ်ကိုတွေဆိုတာ
ကြားရတိုင်းဘယ်လိုကြီးမှန်းကို မသိတာ။

ဒါပေမယ့်လည်း ညီအစ်ကိုတွေလို့ နာမည်တပ်ထားမှ
လှုပ်ရှားရတာလွယ်မယ်ဆိုတော့လည်း ညီအစ်ကို
တွေပဲပေါ့။ မကြာခင် အစည်းအဝေးစခဲ့ပြီ။

projector အရောင်က Soul မျက်နှာ နုနုလေးကို
ထင်ဟပ်နေတယ်။ ရှင်းတဲ့သူတွေက ရှင်းနေပေမယ့်
ဓိပ်ကတော့ မျက်နှာနုနုလေးဆီမှာ အာရုံတွေက တဝဲ
လည်လည်။ လိုအပ်လို့ ဆံပင်အရောင်ကိုပါ ခိုပြာရောင်
ဆိုးထားပြီးရှပ်လက်ရှည်ကို ခေါက်တင်ထားပြီး
အပေါ်ကြယ်သီး၂လုံးဖြုတ်ထားတော့ လည်တိုင်လေး
တွေက ဝင်းမွတ်မွတ်။

အက်ႌကို style pant ထဲ
ထည့်ဝတ်ထားတော့ ပြေပြစ်တဲ့ မက်မွန်သီးလေးတွေက နေရာတကျ။ တွေးနေရင်း အာခြောက်လာတာမို့ တွေးလက်စကို ရပ်ကာ အစည်းအဝေးမှာ
အာရုံစိုက်ရတော့တယ်။

မန်နေဂျာက ပြောလာတယ်။

"ဒီ HS group ကဆောက်မယ့် Hotel အသစ်ကလည်း
လူပြောများနေတယ်ဗျ..ဒါပေမယ့် သူတို့မိသားစု
တွေက ခရိုနီဆိုတာ လူတိုင်း သိကြပါတယ်..
ဒါပေမယ့်အခုသူတို့ဆောက်မယ့် မြေနေရာက
အရင်က မတရားသောနည်းနဲ့ အဖွဲ့အစည်းက
သိမ်းထားတဲ့နေရာကို ထက်ဝက်ဈေးနဲ့ ဝယ်ထားခဲ့တာပါ..တကယ်ကအဲဒီမြေနေရာက သာသနာပိုင်
မြေနေရာတဲ့...အဲဒါအခုနောက်တက်တဲ့အစိုးရက
မြေနေရာကို ပြန်သိမ်းပြီးမူလပိုင်ရှင်စီ ပြန်ပေးဖို့
လုပ်နေတယ်လို့လည်း သိရတယ်...ပြောရရင်
အရှုပ်အထွေး ဖြစ်နေတယ်ပေါ့..."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now