Part 26 🌵🌵

2.8K 259 16
                                    

Zawgyi...

တံခါးကို တွန်းဖွင့်ပြီး ဝင်လာတဲ့သူက
"မြတ်နိုးဝေ"ပင်။ လက်ထဲ စားစရာတွေ
တပွေ့တပိုက်ဖြင့် ဆေးရုံခန်းထဲ ဝင်လာတော့
သူ့လက်က အထုပ်တွေကို Soulကပင် နားလည်သမှုနဲ့
ထယူပေးပြီး ကုတင်ဘေးက ခုံမှာထိုင်ခိုင်းရတယ်။

"မထိုင်နဲ့ ဆိုဖာပေါ်သွားထိုင်...ဟိုတစ်ယောက်က
ငါ့ဘေးလာခဲ့.." ဆိုပြီး Soulကို လှမ်းခေါ်တယ်။
Soul လည်း မြတ်နိုးဝေကို အားနာပါနာနဲ့
ရယ်ပြပြီး ကုတင်ပေါ်မှာထိုင်ရတယ်။

"သူ့ရေမွှေးနံ့ကပြင်းတယ်..ငါခေါင်းနောက်လို့.."

"ဟယ် မြတ်နိုး မေ့သွားတာ တောင်းပန်ပါတယ်.."

"ရပါတယ် မြတ်နိုးရဲ့...ဓိပ်အကြောင်းလည်း
ကြားပြီးပြီမလား..အတိတ်မေ့သွားတော့
နည်းနည်း ပြောင်းလဲသွားတာလည်းရှိလို့ပါ.."

'ဟုတ်ကဲ့...' ဆိုပြီးပြောလိုက်ပေမယ့် အတိတ်မေ့သွားကာမှ ပိုတောင်ဆက်ဆံရခက်သေးတယ်။ အရင်က
အလိုက်သင့်ဆက်ဆံသေး။ အခုတော့ အနားတောင်
ကပ်လို့မရတော့ဘူး။

ဒီလိုနဲ့ပဲ စကားတောင်အလိုက်အထိုက်မပြောတဲ့သူနဲ့
မြတ်နိုးဝေလည်း ဘာမှသိပ်ပြောစရာရှိမနေဘူး။
Soul နဲ့ပဲ အလုပ်အကြောင်း ရောက်တတ်ရာရာ
ပြောမိကြတယ်။

"ဓိပ်အလုပ်အကြောင်းကတော့ ကျွန်တော်ထက်
ကိုလင်းကပိုသိလောက်မှာပဲ..အခုမရှိဘူးဆိုတော့
သူရောက်လာတဲ့ထိ စောင့်မလားဟင်.."

"ငါအိပ်ချင်ပြီ..." ဆိုပြီး ဓိပ်ကရုတ်တရက်
ထပြောလာတော့ မြတ်နိုးဝေကလည်း

"လူနာကို အာရုံနောက်စေမိပြီထင်တယ်...မြတ်နိုး
ုပြန်လိုက်တော့မယ်နော်..."

"ဟုတ်ကဲ့ သတင်းလာမေးတာ ကျေးဇူးတင်ပါတယ်ဗျ.."
ဆိုပြီး ပြုံးပြုံးလေးပြောနေရင်း ဆေးရုံ
ရှေ့ထိ လိုက်ပို့ပေးပြီး အခန်းထဲပြန်ဝင်လာတော့
မျက်မှောင်ကျုံ့စိုက်ကြည့်နေတဲ့ ဓိပ်ကြောင့်
ပြုံးနေတာတောင်ရပ်သွားတယ်။

"ဘာလို့လဲ ဓိပ် တနေရာရာက နေရတာ အဆင်မပြေလို့လား.."

"အေး မပြေဘူး..မိန်းကလေးတစ်ယောက်ကို
ဘယ့်နှယ့်ကြောင့် အဲဒီလောက်ထိ ပြုံးပြနေရတာလဲ..ငါ့ခင်ပွန်းက အရူးလိုဖြစ်နေမယ်ဆို ငါက
မျက်နှာပန်းမလှဘူးပေါ့.."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now