Part 5 🌵🌵

4.5K 462 37
                                    

Zawgyi...

မနက်နိုးတာနဲ့ ဓိပ်ရဲ့အလုပ်က ခင်ပွန်းလောင်းလျာလေးကို အလုပ်လိုက်ပို့ရတာပင်။ သူ့ဘေးနားမှာထိုင်ရင်း
ခိုးကြည့်ရတာတဖုံ ပေါ်တင်ကြည့်ရတာ တစ်သွယ်နဲ့ ယောက်ယက်ခတ်ခြင်း အနုပညာတွေ
မြောက်ကုန်ပါပြီ Soul ရေ။

"Soul က ကားမောင်းတတ်လား.."

"မမောင်းတတ်ပါဘူး.."

"ဒါဆို ကိုယ်ပေးထားတဲ့ကားကို ဘယ်လိုလုပ်မလဲ.."

"ပြန်ယူလိုက်ပါ.."

*မဟုတ်သေးဘူးလေ ဒီလိုကြီးကျတော့လည်း..
အေးလေငါမှားတာပါ သူ့ဆီကဘာများမျှော်လင့်နေရဦးမှာလဲ.. စကားနည်းနည်း ပိုပြောလာတာပဲ
ကျေးဇူးတင်ရမယ်..*

Soul ကဆင်းခါနီး ဂရုစိုက်သွားပါဆိုပြီး
ပြောသွားတော့ ငါ့ကို စိတ်ပူပေးရှာသားဆိုပြီး
ကြည်နူးရသေးသည်။

"ဆရာရယ် ကြံဖန်ကြည်နူးနေတယ်..
ဟိုက ဝတ္တရားအရပြောတာကို.."

"မင်းအခုတလော အရမ်းလျှာရှည်လာတယ်နော်.."
ဆိုတော့ ဟီးဟီးဆိုပြီး သူမဟုတ်သလို ရယ်နေသေးသည်။
ဟိုးကတည်းက ကိုယ့်နောက်လိုက်လာတဲ့သူမို့
ယုံကြည်ရသလို တခါခါထဖောက်တာကလွဲလို့
ကျပ်မပြည့်သလို ထင်ရပါသည်။

"ငါချိန်းထားတဲ့နေရာကိုသွားမယ်..မင်းမလိုက်
နဲ့တော့ ကားထဲမှာပဲစောင့်နေပေး.."

"အဆင်ပြေပါ့မလားဆရာ..ရုပ်ရှင်ထဲကလို ငါ့သားနဲ့ မပတ်သတ်နဲ့ဆိုပြီး ရေနဲ့ကောက်ပက်ရင်ရော.."

"မလုပ်ဘူးဆိုတာ သေချာတာမို့ လျှာမရှည်နဲ့..
မောင်းစရာရှိတာမောင်း ငါခေါင်းနောက်လာလို့
ခဏမှေးဦးမယ် ရောက်ရင်နှိုးလိုက်.."
ဆိုပြီး ခေါင်းကိုအသာမှီထားနေမိသည်။ တဖြည်းဖြည်းနဲ့ ခံစားရတာက နည်းနည်းဆိုးလာသလိုပဲ။

"ဆရာခေါင်းက အချိန်ဆွဲနေလို့မရတော့ဘူးနော်..
ပြစ်ဒဏ်ခံယူထားတဲ့သူက ဒီလိုတွေလုပ်နေမယ်ဆို
သခင်လေးထက် ဆရာအရင် ထွက်သွားရလိမ့်မယ်.."
ပြောလိုက်ပေမယ့် တကယ်ကြီး အိပ်ပျော်သွားတဲ့ဆရာကြောင့် ပါးစပ်ပိတ်ပြီး ချိန်းထားတဲ့နေရာကိုပဲ မောင်းနေတော့သည်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now