Part 15 🌵🌵

3.3K 305 15
                                    

Zawgyi..

လက်ထပ်ပွဲ ပြီးခဲ့ပေမယ့် မင်္ဂလာဦးညမှာတော့
ဓိပ်တို့၂ယောက် ဟိုတယ်ကပေးတဲ့အခန်းမှာပဲ
တည်းခဲ့သည်။ အခန်းထဲမှာတော့ ပန်းတွေနဲ့
အရမ်းကို romantic ဆန်အောင် ပြင်ဆင်ထားခဲ့တယ်။
Soul အလုပ်ကခွင့်ယူဖို့ အဆင်မပြေတာနဲ့
Honeymoon အတွက် ဒီဇင်ဘာ
ပိတ်ရက်နဲ့ရောပြီး ကျန်ရှောင်တခင်ခွင့်ရက်တွေပါ
ပေါင်းယူပြီးသွားမလို့ပဲ စီစဉ်လိုက်သည်။
တကယ်တော့Soul အတွက် Honeymoon ဆိုတာ
မသွားမဖြစ်သွားရမယ့် အရာတော့မဟုတ်ဘူး။
ဓိပ်ကတော့ Honeymoon ရယ်လို့မဟုတ်ပဲ
အမှတ်တရခရီးလေး တခုတော့ ရှိစေချင်တယ်ဆိုတာနဲ့
Soul လည်း မငြင်းဆန်တော့ဘူး။

ညရောက်တော့ ဟိုတယ်အခန်းထဲနေရတာ
တမျိုးကြီးလိုခံစားလာရလို့ Soul လည်း အခန်း
အပြင်ထွက်ပြီး ရှုခင်းကြည့်ရင်း အတွေးတွေက
အစီအရီ။ အဲဒီအချိန် နောက်ကနေ
သိုင်းဖက်လာတဲ့သူကြောင့် အနည်းငယ်တိုက်နေတဲ့
လေအေးဟာ နွေးထွေးသွားရတယ်။

"ဟေး ကျန်းမာရေးလည်းမကောင်းတာ အပြင်မှာ
လေအေးတိုက်ခံမလို့လား.."
ဆိုပြီး နားဖျားလေးကို
အသာနမ်းရင်း ပြောလာသူကြောင့် Soul
အတွေးတွေဟာ လည်ချောင်းထဲ ပြန်လို့ပင်
ဝင်သွားရသည်။ ထိန်းသိမ်းထားခဲ့ပေမယ့်လည်း
သက်ပြင်းချသံ ခပ်သဲ့သဲ့ထွက်သွားမိတယ်။
ဓိပ်လည်း Soul ဆီက သက်ပြင်းသံ
ခပ်တိုးတိုးကြောင့် ပိုတိုးလို့ပင်ဖက်ကာ

"ကိုယ့်ရဲ့ Soul ဘာတွေများတွေးနေလဲ...
လာအထဲဝင်ခဲ့ ကိုယ့်ကို သေချာပြောပြ..ဘာတွေများ
အတွေးပွားနေလဲဆိုတာ.."

Soul ကိုပွေ့ချီလို့ ကုတင်ပေါ်တင်ပေးပြီး
ဓိပ်လည်း တစောင်းလှဲလို့ တံတောင်နဲ့မျက်နှာကို
ထောက်ထားရင်း Soul မျက်နှာလေးကို
ကြည့်နေမိတယ်။ ပြောမလိုနဲ့ ဘာစကားမှ
ထွက်မလာတဲ့ Soul ကိုကြည့်ရင်း ဓိပ်စိုးရိမ်လာရသည်။
ကိုယ်နဲ့ အတူတူနေပြီးမှ ပြုံးပျော်လာရင်း အခု
မင်္ဂလာဦးညမှာမှ သက်ပြင်းတွေချနေတော့
ဓိပ်များ အမှားတခုခုလုပ်မိလေသလား။

"ကျွန်တော်လေ..ကျွန်တော် အလုပ်ထွက်ရမှာလား.."
ဆိုပြီးကြားလိုက်တော့ အံ့ဩရသူက ဓိပ်ပင်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now