Part 23 🌵🌵

2.8K 270 11
                                    

Zawgyi...

ဒုတ်!ဆိုတဲ့အသံနဲ့အတူ Soul ပုခုံးပေါ်မှောက်ကျလာတဲ့ ဓိပ်။ အင်္ကျီက တမဟုတ်ချင်း သွေးတွေနဲ့ စိုရွှဲသွားတယ်။ သွေးတိတ်လိုတိတ်ငြား သူ့ခေါင်းကို
လက်နဲ့ဖိထားပေးမိတယ်။

"ဓိပ်ရေ !!သတိထားပါဦး ကျွန်တော့်ကို ထားမသွားပါနဲ့နော်.."

လူနာတင်ကားထဲမှာ Soul စိတ်တွေ
လွင့်နေမိတယ်။ ဓိပ်လက်ကိုဆုပ်ကိုင်လို့
'အသက်ရှင်နေပေးပါ..'ဆိုတာကို ဘယ်နှစ်ခါ
ရေရွတ်မိလဲ မသိတော့ဘူး။

ဖျော့တော့နေတဲ့ဓိပ်ကို
ကြည့်ရင်း Soul ရင်ထဲ အရမ်းနာနေတယ်။
ခေါင်းထဲမှာလဲ တဝီဝီမြည်ပြီး စိတ်နဲ့ကိုယ်ဟာ
လွင့်နေသလို။
ဒါတွေဟာ အိမ်မက်လိုလိုဖြစ်နေတယ်။ အိမ်မက်ဆို
နိုးပါတော့ဆိုတဲ့စိတ်နဲ့ Soul ကိုယ့်ပါးကို ပြန်ပြန်ချမိတာလည်း အခါခါ။ ဆေးအကူကောင်လေးက Soul ပုခုံးကို ပုတ်လို့

"အရမ်းစိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ..ခင်များ
လဲကျလို့မဖြစ်ဘူးလေ သတိထားဦး.."
ပြောလာမှ ဟုတ်တယ် ဓိပ်အတွက်
Soul ကြံ့ခိုင်ရမယ်။ သတိကပ်ရမယ်
လဲကျလို့မရဘူး။ သွေးတွေပေနေတဲ့ လက်တွေကိုကြည့်ရင်း စိုးရွံ့နေမိတယ်။ ၅မိနစ်ကြာတော့
ဒေါက်တာနှောင်းလျာတို့ဆီ ရောက်လာပြီ။

"မစိုးရိမ်ပါနဲ့ ကိုယ်အကောင်းဆုံးကုသပေးမှာပါ.." ဆိုပြီး
ဓိပ်ကို ခွဲစိတ်ခန်းထဲ ခေါ်သွားတယ်။ ခွဲစိတ်ခန်းထဲမှာ
ကွဲအက်နေတဲ့ ဦးခေါင်းခွံကို ခွာလိုက်တော့
ဦးနှောက်သွေးယိုစိမ့်ထားတာက လုံးဝကို
ဆိုးဆိုးရွာရွားပဲ။

ဟိုးတစ်ရက်က Soul ရဲ့ မီးလျှံကြောင့် ဓိပ်အမြုတေက ကွဲတော့မယ့်အလား အက်နေခဲ့တာ။ အခုတော့ ပြင်ပဒဏ်ရာထိခိုက်မှုကြောင့် အမြုတေကွဲသွားခဲ့ပြီ။ နှောင်းလျာ အရုပ်ကြိုးပြတ်ထိုင်ချမိတော့တယ်။ အခု
ဘယ်လိုလုပ်ကြမလဲ အမြုတေကို ပြန်ဆက်
စေဖို့ကလွဲ မရှိတော့ဘူး။ နတ်ဆေးရေည်နဲ့
အမြုတေကို ဆက်တယ်ဆိုရုံမျှဆက်စေပြီး အရင်လို
အမြုတေ ပြန်ပေါင်းစည်းဖို့တော့
တော်တော်လေးလုပ်ယူရမယ်။

ခွဲစိတ်ခန်းရှေ့မှာ နီရဲနေတဲ့ဆိုင်းဘုတ်မီးကို
ကြည့်ရင်း Soul မငိုနိုင်တော့ဘူး။ မျက်ရည်တွေလဲ ခမ်းကုန်ပြီလားမသိတော့ပါဘူး။ ဓိပ်မရှိရင်မဖြစ်ဘူး။
Soul အတွက် ဓိပ်ဆိုတာ ခွဲမရတဲ့အစိတ်အပိုင်းအဖြစ်
တည်ရှိနေခဲ့ပြီ။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now