Part 33 🌵🌵

2.6K 253 9
                                    

Zawgyi....

တဖြည်းဖြည်းနဲ့ စက်မင်းမန်တို့ မြေယာပိုင်ဆိုင်မှု
ပြဿနာက Facebook ပေါ်မှာရော သတင်းစာမှာပါ
အကျယ်တဝင့်ဖြစ်လာတယ်။ နိုင်ငံပိုင်သတင်းစာကနေ
မြေကွက်ကို ဘယ်ရက်အတွင်း ပြန်လည်လွှဲပြောင်း
ပေးရမယ်ဆိုတဲ့ သတိပေးချက်တွေရော။ facebook
ပေါ်က သတင်းဌာနတွေကလည်း သူ့ထက်ငါအပြိုင်
ရေးဖို့ကြိုးစားရင်းကနေ သတင်းပေါင်းစုံ
ထွက်ပြီး မှန်တာတွေရော မှားတာတွေရော ရှုပ်ယှက်
ခတ်နေတော့တာ။

နိုင်ငံပိုင် သတင်းစာထဲမှာတော့ ဟိုဘက်ဒီဘက်
အပြိုင်အဆိုင်ကို ကြေညာချက်ထုတ်ကြတယ်။
အစိုးရဘက်ကလည်း ဒီမြေသည် အရင်ကတည်းက
သာသနာပိုင်မြေဖြစ်တယ်။ ဒါကို သိရဲ့သားနဲ့
ဝယ်ယူခဲ့တာမို့ အခု အစိုးရကိုပြန်ပေးကိုပေးရမယ်။

စက်မင်းမာန်တို့ကလည်း ရောင်းတဲ့သူရှိလို့ဝယ်တာ။
တရားစွဲချင်တယ်ဆို ရောင်းတဲ့သူကို တရားစွဲရမယ်။
သူနဲ့ဘာမှ မဆိုင်သလို သူပြန်ပေးစရာလည်း မလိုဘူး
ဆိုတာမျိုး ကြေညာတယ်။

ဒီလို ၂ဖက်တိုက်ပွဲတွေကြောင့် Soul တို့ဆီ သူတို့ညီအစ်ကို၂ယောက် အာရုံမရှိတော့ဘူး။ ဒီတော့ အဲဒါကို
အခွင့်ကောင်းယူပြီး ကိုစစ်ကစုံစမ်းရေးကို
အားစိုက်နေသလို ဓိပ်ကလည်း အလွတ်တမ်း
စုံထောက်တွေငှားပေးတယ်။

ဒီကြားထဲ ဆောင်းသက်လျာတို့ကိုပါ ဂယက်ရိုက်လာတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုဆိုပြီး
တိုင်တန်းလာတယ်။ပြဿနာက စက်မင်းမာန်တို့ရဲ့
ပိုင်တိုင်မှုထဲက တခုဖြစ်တဲ့
အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြကြတယ်။

ဘာလို့လဲဆိုတော့ အလုပ်သမားတွေကို အချိန်ပို
ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေးတာပဲ။ ဒီတော့
အလုပ်သမားခေါင်းဆောင်ကစလို့ အုံကြွ
ဆန္ဒပြမှုကြီးဖြစ်လာတယ်။

အခုဆို ၄လပိုင်းအစကိုရောက်လာခဲ့ပြီ။ သိပ်မကြာခင်
မြန်မာနှစ်ကူးကိုရောက်တော့မယ်။
တန်ခူးမည်မှတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး တဲ့။
ဒါပေမယ့် ရေဆိုလို့တပေါက်တောင် မကျသေးပဲ
နွေနေပူပူကတော့ မနက်မိုးလင်းကတည်းက
တောက်လောင်နေပြီ။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now