Part 9 🌵🌵

4K 377 16
                                    

Zawgyi...

ဟင့်အင်း မလုပ်ပါနဲ့ !!
တေရကိုမထိကြပါနဲ့ !!
တေရ !!ဆိုတဲ့အသံနဲ့အတူ ရင်ဘက်ထဲစူးစိုက်ဝင်လာတဲ့
ကျိန်စာ လှံတံ။

တိုက်ပွဲကြားမှပင် ဧကာ  !!!
ဆိုတဲ့အော်သံနဲ့အတူပြေးလာတဲ့ သူ့ချစ်သူကို
ဧကာ ပြုံးပြမိသေးသည်။

"ငါမီးလျှံမိုးကြိုးနတ်သားဧကာသည် တေရဿမကိုသာ
ချစ်ကျွမ်းဝင်ခဲ့သည်။ အသက်ကိုပင်ပဓာနမထားပဲ
ချစ်ကျွမ်းဝင်ခဲ့သည်မှာ မှန်ကန်ပါသည်။ ဤသို့
မှန်ကန်စူးရှသစ္စာကြောင့် ငါ၏ဝိဥာဉ်ကုန်ခမ်းပြီးသော ခန္ဓာကိုယ်သည် တေရဿမရှိရာအရပ်တွင်သာ
တည်ပါစေ။ တေရဿမမှလွဲလို့ မည်သူကမျှ
မကောင်းသောအကြံအစည်ဖြင့်
ထိကိုင်နိုင်ခြင်း မရှိလတ္တံ့။ သစ္စာတည်၍
တည်ပါစေသောဝ် တည်စေသောဝ်။"

••••••••••••

ခါတိုင်း မနက်၆နာရီဆို Soul ပုံမှန်လို့ အမေ့ကို
ဟင်းကူချက်ပေးနေကြပင်။ အခုလည်း ပုံမှန်ချိန်မှာ
နိုးလာတာမို့ မျက်လုံးဖွင့်ကြည့်လိုက်တော့
တစ်စုံတစ်ယောက်ရင်ခွင်ထဲမှာ။ အသားမကျမှုကြောင့်
တွန်းထုတ်မိတော့ ခပ်တင်းတင်း
ဖက်ခံရလို့ အနည်းငယ်လန့်သွားမိသည်။

"အစောကြီးထဖို့ မလိုတာမို့ပြန်အိပ်နော်..
အန်တီခင်က ချက်ပေးလိမ့်မယ်.."

ပြန်မအိပ်ချင်ပေမယ့်လည်း ဓိပ်ရဲ့စကားဆို
ဘယ်တုန်းကမှ မလွန်ဆန်နိုင်။ ထူးဆန်းသည်က
သူ့ရင်ငွေ့ကို အရမ်းရင်းနှီးနေသည်။ သူ့ရင်ခွင်ထဲမှာဆိုရင် Soul က အရမ်းကို စိတ်သက်သာသည်။
အရမ်းကို ရင်းနှီးကျွမ်းဝင်နေသည်။
နောက်ဆုံးတော့လည်း
ရင်ခွင်ထဲမှာပဲ ပြန်အိပ်ပျော်သွားခဲ့ရတယ်။

ဓိပ်လည်း မနေ့ညက အကာအကွယ်တွေလုပ်ပြီးမှ
အိပ်ရတာမို့ မနက်ကျ အိပ်ရေးမဝချင်ဘူး။ မူရင်း
ခန္ဓာကိုယ်နဲ့ကျတော့  အိပ်စက်ခြင်းက အရေးမပါ
ပေမယ့် ပြန်လည်သန့်စင်ခြင်းလုပ်ထားပြီး လူသား
ခန္ဓာကိုယ်ယူထားတဲ့အခါ အိပ်တာရောစားတာရောက
လိုအပ်နေသည်။

ပြန်အိပ်ပျော်သွားတဲ့ Soulကိုကြည့်ပြီး
အရင်က အကြောင်းတွေကြောင့်
ပြုံးတောင်ပြုံးမိသေးရဲ့။ ခုထိမပြောင်းလဲတဲ့ စိတ်ထားလေးနဲ့ သူချစ်ရသူလေးဟာ
ဘဝဆက်တိုင်း သူ့ကိုပဲ ပြန်ချစ်ပေးခဲ့သည်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now