Part 32 🌵🌵

2.7K 263 11
                                    

Zawgyi...

မနက်တိုင်း Soul နဲ့အတူတူ တစ်အိပ်ယာတည်းကနေ
နိုးထလာတဲ့ခံစားချက်က ကြည်နူးစရာ
ကောင်းတယ်။ တဖြည်းဖြည်းနဲ့ တချို့
မှတ်ဥာဏ်တွေပြန်ရလာခဲ့ပေမယ့် ဓိပ်မပျော်နိုင်
သေးဘူး။ Soul က အခုသူ့ကိုပဲကြိုက်ပြီး အရင်က
သူ့ကိုမကြိုက်ဘူးဆိုရင်ရော။

သူသတိပြန်ရလာပြီး
အရင်လိုပြောင်းလဲသွားလို့ သူ့ကို မချစ်တော့ဘူးဆို
ဘယ်လိုလုပ်မလဲ။ မှတ်မိတယ်ဆိုတာလည်း တချို့
တလေပါ ။သူ့ကိုတင်တောင်းဖို့ကြိုးစားခဲ့
တာတွေလောက်ပဲ။ ထူးဆန်းတာကတော့
ဦးနှောက်ကမေ့သွားတာတောင် နှလုံးသားက
ဒီလူသားကိုပဲ တိမ်းညွတ်နေတာ။

ရင်ခွင်ထဲမှာ အိပ်မောကျနေတဲ့ကောင်လေးကို
တစိမ့်စိမ့်ကြည့်နေမိတယ်။ ဘယ်နှစ်ခါ
ကြည့်ကြည့် ရိုးသွားတယ် အီသွားတယ်မရှိဘူး။

"အာချစ်လိုက်တာကွာ..အူးမွ.."
ဆိုပြီး မျက်နှာအနှံ့
အနမ်းတွေပေးတော့ လူးလွန့်ပြီး နိုးလာတယ်။

မျက်လုံးပွတ်ပြီး ဓိပ်ကိုတချက်ကြည့်ပြီး
ရင်ခွင်ထဲကနေရုန်းထွက်လို့ ကျောပေးပြီး
ပြန်အိပ်သွားတယ်။
မနေ့ညက သူတကယ်ပင်ပန်းသွားတာမို့ အခုထိ
မထနိုင်သေးတာပဲနေမယ်။ ဓိပ်အရင်ထပြီးရုံးသွားဖို့
ပြင်စရာရှိတာပြင်နေလိုက်တယ်။

ရေမိုးချိုးပြီးတော့
ကုတင်ပေါ်က ကောင်လေးနားကို အသာ
ကပ်သွားလိုက်တယ်။ ကုတင်ပေါ်ရောက်တော့
အင်္ကျီကို အသာဟလို့ ရေချိုးလို့အေးနေတဲ့လက်
တဖက်ကို ဗိုက်သားပေါ်တင်လိုက်တော့

"အောင်မလေး အေးတယ်!!" ဆိုပြီး နိုးလာတယ်။

ဓိပ်ကိုကြည့်ပြီး လက်မောင်းကို တဖြန်းဖြန်းနဲ့
ရိုက်တော့တာပဲ။

"အေးတယ် အေးတယ်လို့.တကယ်ပဲ...
ရုတ်တရက် လက်အေးကြီးနဲ့လာကိုင်တော့
နှလုံးတွေပြုတ်ထွက်ကုန်ပြီထင်တာ..."

ဓိပ်လည်း လုပ်ချင်တာလုပ်လိုက်ရလို့ ကျေနပ်နေတဲ့ရုပ်နဲ့

"နိုးပြီမလား ကိုယ်ရေစပ်ပေးထားတယ်..."

ဒါတောင်မထသေးပဲ လက်၂ဖက်ဆန့်လို့ ဓိပ်ကို
ရင်ခွင်ထဲ ခေါ်နေသေးတယ်။ ရေချိုးထားတဲ့ ဓိပ်
ကိုယ်လေးကို သူ့ရင်ခွင်ထဲ အားရပါးရဖက်ရင်း

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now