Part 25 🌵🌵

2.7K 286 12
                                    

Zawgyi...

ရေချိုးခန်းထဲ ရောက်တော့ Soul လည်းအသင့်ယူထားတဲ့ ချည်သား JJ club အတိုလေးလဲဝတ်
လိုက်တယ်။ ရေတွေဘာတွေ စင်တဲ့အခါ
အဆင်ပြေအောင်ပေါ့။ ပြီးတော့ စွပ်ကျယ်ချိုင်းပြတ်နဲ့
အပြင်ထွက်လိုက်တယ်။ ဓိပ်ကတော့ ဘာမှ မပြောပဲ
ပြူးကြည့်နေတယ်။

နေပါဦး ဘယ်လိုများ ဒီလိုတွေ ဝတ်ရဲတာလဲ။ ကိုယ့်ခန္ဓာကိုယ်အရ ကျန်းမာတဲ့ယောက်ျားတစ်ယောက်လေ။
လင်မယားကလည်း ဖြစ်သေးတာကို မကြောက်
မရွံ့တွေ။ ခေါင်းက အရမ်းလှည့်လို့ ငုံ့လို့
မရတော့ အင်္ကျီချွတ်တာကအစ အဆင်မပြေဘူး။
ဒါကြောင့် ခင်ပွန်းဆိုတဲ့ Soul က လာကူ
ချွတ်ပေးတယ်။

"နေဦး ဘောင်းဘီမချွတ်ပေးခင် တံခါးအရင်
ပိတ်ဦး..သူများဝင်လာဦးမယ်.."ပြောတော့
ပြေးပိတ်ရှာတယ်။ ပြီးတော့ ဘောင်းဘီပါ
ချွတ်ပေးလို့ တဘတ်ပတ်ပေးပြီး ကူတွဲလို့
ရေချိုးခန်းထဲ ခေါ်လာတယ်။

ပြီးတော့ ဘေစင်ဘေးမှာ
ခုံလေးချထားပေးတယ်။ ဓိပ်ကို သေချာ
ဖက်ပြီးခုံပေါ် ဖြည်းဖြည်းတင်ပေးတယ်။
နီးကပ်လာတဲ့ ခန္ဓာကိုယ်၂ခုကြား ဒီကောင်လေးရဲ့
ကိုယ်သင်းရနံ့လေးက နှာဖျား တိုးဝင်လာတယ်။
နူးညံ့တယ် ပုခုံးသားလေးတွေက နူးညံ့တယ်။

Soulလည်း ဓိပ်ကိုနေရာချပေးပြီးတော့ သွားတိုက်တံမှာ
သွားတိုက်ဆေးထည့်လို့ သွားတိုက်ပေးရတယ်။
ခေါင်းမထိအောင် တဖက်က ဒဏ်ရာမရှိတဲ့ နေရာကို
ထိန်းကိုင်လို့ အသာသွားတိုက်ပေးနေတယ်။
ပြီးတော့ အာ ဆိုပြီး ဓိပ်ကို ပါးစပ်ဟခိုင်းလို့
သေချာတိုက်ပေးတယ်။

မျက်နှာကိုလည်း စေ့စေ့
စပ်စပ်သစ်ပေးပြီး ရေနွေးစပ်ထားတာကို ကိုယ်ပေါ်
ဖြည်းဖြည်း လောင်းချပေးတယ်။ နောက်တော့
လည်ပင်း အရမ်းတောင့်လာတယ်ဆိုပြီး ဓိပ်ခါးကို
ဖက်ထားလို့ ဗိုက်ကိုခေါင်းမှီထားတယ်။

ဒီလိုပုံစံလေး ဖြစ်ခဲ့ဖူးတာတွေးမိတော့ မျက်ရည်က
ဝဲတက်လာတယ်။ ချက်ချင်း ပုတ်ခတ် ပုတ်ခတ်
လုပ်ပြီး ရေချိုးတာကို မြန်မြန် လက်စသတ်ရတယ်။
ပြီးတော့ တစ်ကိုယ်လုံလုံးကို သေချာခြောက်အောင်
သုပ်ပေးပြီးအင်္ကျီလဲပေးဖို့ လုပ်ရတယ်။ ချည်ထည်
ဝမ်းဆက်လေးကိုပဲ ဝတ်ပေးပြီး ပြန်တွဲခေါ်လို့
ကုတင်ပေါ် တင်ပေးရတယ်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now