Part 18 🌵🌵

3K 288 19
                                    

Zawgyi...

အန်တီခင် မရှိတော့တာမို့ ချက်ပြုတ်ဖို့နဲ့
လျှော်ဖွတ်ဖို့က Soul ပဲတာဝန်ယူလိုက်တယ်။
လူခေါ်မယ်ပြောပေမယ့် Soul က
ဒီလောက်တော့ မနုပါလေ။ ဓိပ်နဲ့ အကျေအလည်
ဆွေးနွေးပြီးတော့ သဘောတူညီချက်ရသွားတယ်။

ဈေးဝယ်တာနဲ့ ကိုယ့်အဝတ်ကိုယ်လျှော်တာကို
ကိုလင်း ကလုပ်ရမယ်။
ထမင်းဟင်းချက်တာနဲ့ မီးပူတိုက်တာ Soul
လုပ်ပြီး ဓိပ်က အဝတ်လျှော်တာနဲ့
ပန်းကန်ဆေးတာ။ အိမ်သန့်ရှင်းရေးအတွက်ကိုတော့
၃ရက်တခါ အချိန်ပိုင်းအဖြစ် ဌားထားလိုက်တယ်။

ဒီတော့ မနက်ဆို Soul က ခြောက်နာရီထ
မျက်နှာသစ်ပြီး ၁ပတ်စာဝယ်ထားတဲ့ထဲက
ဟင်းချက်စရာတွေကိုရွေးလို့ ချက်ပြုတ်ရတယ်။
လှီးချွတ်ထားတာတွေကို ဓိပ်က သန့်ရှင်းပေးတယ်။
Soul တို့ မီးဖိုချောင်ဝင်နေတုန်းမှာ ကိုလင်းက
ဓိပ်အလုပ်အတွက် ပြင်ဆင်ပေးတယ်။

ချက်ပြီးတာနဲ့ ရေချိုး ပြီးတော့ ထမင်းချိုင့်
ထည့်ရတယ်။ အစကတော့ ဓိပ်က ထမင်းချိုင့်မယူဘူး။
Soul ချက်တဲ့နေ့ကစပြီး ထမင်းချိုင့်ယူမယ်လို့
ပြောလာတယ်။ ကိုလင်းနဲ့ ဓိပ်အတွက် ထမင်းချိုင့်
ပြင်ဆင်ပြီးတော့ ၈နာရီ ၄၅ မနက်စာစားပြီးတော့ ၉နာရီ။
အဲဒီတော့မှ အိမ်ကထွက်လို့ လုပ်ငန်းခွင်ဆီလာခဲ့ကြတယ်။

ဓိပ်တို့ရုံးရောက်တော့ ၉ခွဲနေပြီ
ဝန်ထမ်းတွေလည်း အကုန်စုံနေပြီ။
ဓိပ်က ၅မိနစ် ၁၀မိနစ်နောက်ကျတာလောက်နဲ့တော့
ယိုးမယ်မဖွဲ့တတ်။ ၁နာရီလောက်နောက်ကျမယ်ဆို
ဘာအရေးကိစ္စရှိလဲဆိုတာ HR ကို
လှမ်းပြောခိုင်းတယ်။ အကြောင်းကြားခြင်း
မရှိပဲ နောက်ကျတာ
ပျက်ကွက်တာဆို ဒဏ်ကြေးအဖြစ် လခလျှော့တယ်။

Soul လည်း ရုံးရောက်တော့ စားပွဲခုံကို ခဏ
သန့်ရှင်းရေးလုပ်ပြီး စာရိုက်ဖို့ပြင်တော့
UNDP က ကိုယ်စားလှယ်တွေရောက်လာတယ်။
ဥက္ကဌက လက်ခံဆွေးနွေးဖို့ လုပ်ထားပေမယ့်
အခုတော့ အစည်းအဝေးခန်းထဲမှာ။ ဒီနေ့မှ
ICRC (International Committee of the Red Cross) ကနေ Virtual  စနစ်နဲ့ တွေ့ဆုံနေတယ်။
ပြီးတာနဲ့ အချိန်ကိုက် UNDP နဲ့တွေ့ဖို့
လုပ်ထားပေမယ့် အစည်းအဝေးကမထင်မှတ်ပဲ
ကြာနေတယ်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now