Part 24 🌵🌵

2.7K 277 26
                                    

Zawgyi...

တနေ့ပြီးတနေ့ ကူးပြောင်းလာခဲ့ပြီ။ ရက်မှ လသို့တိုင်ခဲ့ပြီ။ ရုံးကလည်း လူထိခိုက်သွားတာမို့
နားလည်သမှုနဲ့ ၂လတိတိ လစာမဲ့ခွင့်ပေးထားခဲ့တယ်။ အခုဆို ဓိပ်မြောနေတာ ၁လကျော်ရော့မယ်။ Soul ကတော့ မနက်ဆို ဓိပ် မျက်နှာကို ရေပတ်တိုက်ပေးတယ်။
ခန္ဓာကိုယ်ကိုပါသန့်ရှင်းရေးလုပ် အဝတ်အစား
လဲပေးတယ်။ ပန်းအိုးလေးထားဖို့ကိုလည်း
မပျက်မကွက်ပါပဲ။

၁၀နာရီလောက်ကျတော့ သက်လျာရောက်လာတယ်။
ပိန်ကြသွားတဲ့ Soulကိုကြည့်ရင်း သက်လျာရင်ထဲ
မကောင်း။ လူမမာအတွက်မဝယ်ပဲ Soulအတွက်
အားပြည့်စေမယ့်အရာတွေပဲ ဝယ်လာမိတယ်။

*သက်လျာကို ခွင့်လွှတ်ပါ ကိုဓိပ္ပါယ်ရေ..အစ်ကို့ထက်
Soul က ပိုအားရှိဖို့လိုနေလို့ပါ..*

သက်လျာပေးလာတဲ့အထုပ်တွေကို စားပွဲပေါ်တင်ရင်း
သက်လျာနဲ့အတူတူ ပြတင်းပေါက်နားက ဆိုဖာပေါ်မှာ
အတူတူထိုင်လိုက်ကြတယ်။

"Soul နင်အရမ်းပိန်သွားတယ်..ငါဝယ်လာတာတွေ
စားဖြစ်အောင်စား..လူမမာကိုပြုစုဖို့ နင်က
အားရှိရမယ်လေ.."

"အင်းပါ ငါစားပါတယ်....ဒါနဲ့ ဟိုလူရော
ဘာဖြစ်သွားလဲ.."

"အင်းအခု ငါလာတာလည်း အဲဒါပြောမလို့..
နင်မှတ်မိလား သူက ထောင်ဖောက်ပြေးလို့
လိုက်ဖမ်းတော့ အသေဖမ်းမိတဲ့ ကောင်လေးလေ..
အဲဒါသူ့ညီတဲ့...လက်နက်မပါတဲ့ သူ့ညီကိုဖမ်းတာ
သေဖို့ထိဖြစ်တယ်ဆိုတာ မယုံလို့ ငါတို့ရုံးဆီ
လူ့အခွင့်အရေးဖောက်ဖျက်မှုနဲ့ တိုင်လိုက်တယ်...
ကွင်းဆင်းက သွားကြည့်ပြီး နောက်ဆုံး
တာဝန်ရှိသူကို နယ်ပို့လိုက်တယ်လေ..အဲဒါကို
မကျေနပ်တာ.."

ဓိပ်ကို လှမ်းကြည့်ရင်း Soul သက်ပြင်းချလို့
ပြောမိတယ်။

"နင်သိလား အဲဒီကိစ္စ စဖြစ်ကတည်းက ငါရိပ်မိနေတယ်..
လက်နက်မပါတဲ့ ထောင်ဖောက်ပြေးသူကို အသေ
ဘယ်လိုဖမ်းလာလဲ ဆိုတာ..တကယ်တော့ ဟာကွက်တွေရှိနေတာသိတယ်...ငါက ပြစ်မှုဆိုင်ရာနဲ့ကျောင်းပြီးထားတဲ့သူမဟုတ်တာတောင် ငါရိပ်မိနေတယ်..
ပြီးတော့ သူ့အလောင်းပုံတွေမြင်လိုက်ရတယ်..
လူမြင်ရတဲ့နေရာမှာ ဒဏ်ရာမရှိဘူး....ပွန်းပဲ့ရာမရှိဘူး..
ဒါကြောင့် ငါထင်တာက..."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now