Part 1 🌵🌵

10.1K 604 14
                                    

Zawgyi...

"လုံးဝ မဖြစ်နိုင်ဘူး.."

ဆိုပြီးထွက်လာတဲ့ကောင်လေးရဲ့
အသံမှာ တည်ငြိမ်မှုတွေ ရောယှက်နေသည်။
အခန်းထဲမှာရှိတဲ့ လူ၅ယောက်မှာ တစ်ယောက်ကတော့
အေးဆေးစွာငြင်းပယ်နေပြီး မိန်းမကတော့
ဒေါသထွက်လွန်းလို့ လက်သီးကိုတင်တင်း ဆုပ်ထား၏။

၂၇နှစ် လို့ထင်ရတဲ့ ကောင်လေးကတော့ စိတ်ပျက်မှုတွေကအထင်းသား မျက်နှာမှာပေါ်နေလေရဲ့။
ကျန်တစ်ယောက်ကတော့ ပါးလျတဲ့နှုတ်ခမ်းအစုံနဲ့
မလှုပ်မယှက် ခြေချိတ်လို့ ခုံကိုမှီပြီး အလေးမစိုက်စွာပဲ နားထင်ကိုလက်ထောက်လို့ မှီထားရင်း သူတို့ကို
ကြည့်နေသည်။

"ဒါကိုသာ လက်ခံလိုက်ရင် အဖေတို့ တစ်မိသားစုလုံး
အေးဆေးနေနိုင်ပြီ..အဖေ့အကြွေးတွေ
ကျေပြီ.."
ဆိုပြီးပြောလာတဲ့လူကို ကောင်လေးကတော့ ခံစားချက်မပါစွာကြည့်ရင်း

"လက် မ ခံ နိုင် ဘူး ..ကျွန်တော်ပြောနိုင်တာ ဒီစကားတခွန်းပဲရှိတယ်..."

"မင်း! မင်းမိသားစုကိုထည့်မတွေးဘူးလား..ဟမ်
မင်းကြောင့် မင်းမိသားစုအဆင်ပြေသွားမှာကို မင်းမတွေးဘူးလား.."

ကောင်လေးက ခြေချိတ်ထိုင်နေတဲ့လူကို တချက်ကြည့်ရင်း

"ကျွန်တော်တို့ မိသားစုအတွင်းရေးမို့ ထွက်သွားပေးပါလား....ကျွန်တော်ကတော့
လက်ခံမှာမဟုတ်ဘူးဆိုတာ သိထားပေးပါ.."

ထိုလူကတော့ ပြုံးရင်း

"အဖြေက ပြောင်းလာမှာပါ..ကိုယ်
စောင့်နေမယ်.."
ဆိုပြီး​ပြောရင်း ထွက်သွားတယ်။

ထိုလူလည်း မရှိတော့ဘူးဆိုတော့မှ အမေ့ရဲ့
အံကြိတ်သံက ထွက်လာတော့သည်။

"နောက်ဆုံးတော့ ရှင်အသုံးမကျတာတွေကို ကာဖို့သားကိုတောင် ရောင်းစားခဲ့ပြီပေါ့..."

"ငါလုပ်ခဲ့တာ ငါ့မိသားစုအတွက်ကွ..မင်းတို့ အဆင်
ပြေပြေနေနိုင်အောင် လုပ်ခဲ့တာတွေချည်းပဲ..."

"ဘာ..ဘယ်လိုတောင်ပြောရဲတာလဲ...ဒီနှစ်အတွင်း
ရှင့်ယောက်ဖ အစ်ကိုကြီးက ပေးခဲ့တဲ့ သိန်း၂ထောင်ကို
ရှင်ဘာလုပ်လိုက်လဲ သိတယ်မလား..စောက်ပိုတွေ
ပြောတာကို လမ်းကဖြတ်သွားတဲ့ခွေးကြားရင်
တောင် ရယ်မယ့်ဟာကို အမှန်တိုင်းပြောစမ်းပါ...
ပိုက်ဆံကလေးရလာကတည်းက ရှင့်အလုပ်အတွက် ဘာလုပ်လဲ..
ရွေးထားတဲ့လူတွေကို ဘာကြည့်ရွေးခဲ့လဲ ဟမ်!! အရက်ဆိုင်ခေါ်သွားပြီးသောက်စား
ပျော်ပါးနေရင်းကနေ တခါတလေ ညလုံးပေါက်ပြန်မလာဘူး..ဒါကိုများကြိုးစားတယ်တဲ့..ရှင်သိန်း၂ထောင်ရလာလည်း ကျုပ်တို့အတွက် ၅ပြားတောင် မရခဲ့ဘူး..."

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now