Part 35 🌵🌵

2.6K 240 16
                                    

Zawgyi...

🎶 မြူးကြွတဲ့ တေးသံပျံ့လွင့်လို့နေ
ကူးပြောင်းစ တန်ခူးလေမှာ
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖြန်းပျက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ
ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ....

ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ
ငိုနေရှာတဲ့ ပန်းပိတောက်ဖူးတွေထဲ
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသတဲ့တင့်မှာမို့

မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့ သင်္ကြန်အခါ
လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရေ
ပိတောက်ပန်းပွင့်ရုံ စိုရုံဖြန်းပက်ဦး
မိုးပြေးလေးရေ
သင်္ကြန်မိုးလေးရေ စိုရုံဖြန်းပက်ဦး 🎶

မြန်မာတို့ရဲ့အတာနှစ်ကူးရောက်တော့
သင်္ကြန်သီချင်းတွေက ဘယ်တော့မှ မရိုးရလေအောင်
နားထဲ စီးဝင်နေတယ်။ သင်္ကြန်ကျမှ ဓိပ်လည်းကောင်းကောင်းနားရတာမို့ ဘယ်မှ မသွားပဲ အိမ်မှာပဲ
အဝနားနေဖို့စိတ်ကူးထားတယ်။

ဒီနေ့က အကျနေ့ဆိုတော့ ဆောင်းသက်လျာကို အိမ်ဖိတ်ထားတယ်။ အတူတူ မုန့်လုံးရေပေါ်
လုပ်စားကြမယ်ဆိုပြီး။ ဒါကြောင့် မနက်မိုးလင်း
ကတည်းက ဓိပ်ကိုတောင်မနှိုးပဲ ကိုလင်းကိုခေါ်ပြီး
မနက်၆နာရီကျော်တော့ ကားတစ်စီးနဲ့
လှည်းတန်းဈေးရောက်လာတယ်။

အုန်းသီးခြစ်သည် /ညှစ်သည်ဆိုင်မှာ တစ်လုံးကို ခြစ်လို့
တစ်လုံးကိုညှစ်ခဲ့တယ်။ မုန့်လက်ဆောင်းဖတ်ကိုပါ
ဝယ်ရင်း လိုအပ်တာတွေ စုံတော့ပြန်လာခဲ့တယ်။ ကိုလင်းနဲ့ ဈေးတစ်ပတ်ပတ်ပြီး မနက်စာအတွက်ပါဝယ်လို့
ပြန်လာခဲ့တယ်။ ကားမောင်းလာရင်း အိမ်နားရောက်ခါနီးမှာ ဒုန်းဆိုတဲ့ အသံနဲ့အတူ Soul ခေါင်းတွေပါ
ခါယမ်းကုန်တယ်။ ကိုလင်းကိုကြည့်တော့ သူက
မောင်းတဲ့သူမို့ သတိလစ်နေပြီ။

လက်ကို နှာခေါင်းရှေ့တေ့ကြည့်တော့ အသက်ရှုသံပြင်းပြင်းရနေသေးတယ်။ သတိမေ့သွားရုံပဲမို့ Soul ဖုန်းထုတ်လို့ ခေါ်မယ်အလုပ်
တဖက်ကားပေါ်ကဆင်းလာတဲ့
သူတွေဟာ Soul နားရောက်လာပြီး ချက်ချင်း ဖုန်းကို
ရိုက်ခွဲလိုက်တယ်။ Soul ရုန်းကန်နေရင်းကနေ
မျက်နှာရှေ့ဖွာထွက်လာတဲ့ အငွေ့တွေကြား
မရုန်းနိုင်တော့ပဲ အမှောင်တိကျသွားတယ်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now