Part 14 🌵🌵(Unicode only)

2.6K 125 3
                                    

ခုနက အပိုင်းမှာ Unicodeမရဘူးလို့​ပြောကြလို့ပါ။ မနက်က သုံး​​နေကြ Font Converter ကဘာဖြစ်သွားလဲ မသိပါဘူး။ ဒါ​ကြောင့် ထပ်တင်​ပေးလိုက်ပါတယ်​နော်

၂နာရီလောက်အိပ်ပြီးတဲ့အခါ Soul နိုးလာသည်။
အချိန်ကြည့်လိုက်တော့ ၄နာရီကျော်နေပြီ။
Dinner က ၇နာရီစမှာမို့ အိပ်ယာပေါ်
ငုတ်တုတ်ထိုင်ပြီး အသိစိတ်ကပ်အောင် နေနေတုန်း
ရေချိုးခန်းထဲကနေ ဓိပ်ထွက်လာတယ်။ Soul ကို
ပြုံးပြီးကြည့်ရင်း

"နိုးပြီလား..ကိုယ်ကSoul အတွက်ရေစပ်ပေးနေတာ အခုပဲ လာနှိုးတော့မလို့..."

"ဟင် ရေစပ်ပေးနေတယ်.."

"အကုန်ပြင်ဆင်ပြီးပြီ မိတ်ကပ်ဆရာကိုလည်း
အိမ်ကိုပဲခေါ်ထားတယ်..အေးဆေးလုပ်နော်..."

အိပ်ယာကနိုးနိုးချင်း အသိစိတ်သေချာမကပ်သေးပဲ
ဆံပင်စုတ်ဖွားနဲ့ ဓိပ်ကိုကြည့်နေတဲ့ Soul ကို အသည်းယားလာပြီး ကုတင်ပေါ်တက်လို့ Soul ပါးလေးတွေကို ဘယ်တစ်ပြန် ညာတစ်ပြန် နမ်းရှိုက်တော့မှ

"ရေချိုးတော့မယ်.."ဆိုပြီး ထသွားတော့သည်။
ဓိပ်လည်း ဘယ်ရမလဲ

"နေပါဦးကွာဆိုပြီး..."ဆိုပြီးပြန်ဆွဲချလို့ Soul
နှုတ်ခမ်းလေးတွေကို သိမ်းပိုက်ကျူးကျော်ပြီး
ဝတော့မှ ရေချိုးခန်းထဲ ခေါ်သွားပေးတော့ Soul က

'ထွက်တော့လေ..'ဆိုတဲ့အကြည့်နဲ့ ကြည့်လာတော့ ဓိပ်ကပြုံးပြီး တံခါးဘောင်ကိုမှီလို့
စိုက်ကြည့်နေလိုက်တယ်။ အဝတ်မချွတ်နိုင်ပဲ
ကူကယ်ရာမဲ့နေတဲ့ ပုံလေးကြောင့် ဓိပ်လည်း
မစတော့ပဲ ပြန်ထွက်လာရတော့သည်။
ဒါပေမယ့် ပြောဖို့မေ့သွားတာမို့ ရေချိုးခန်း
တံခါးကိုပြန်ခေါက်ပြီး

"Soul ပြီးရင် အောက်ဆင်းခဲ့နော် ပွဲမစခင်
အဆာပြေစားဖို့ ဖေဖေလေးကချက်ထားတယ်တဲ့..."

"ဟုတ်..ဟုတ်.."

"ချစ်လား.."

"မချစ်ဘူး ခင်မျ.."

ဓိပ်လည်းရယ်မောနေရင်း Soul ထွက်လာရင်ဝတ်ဖို့
အဝတ်အစားတွေ အသင့်ထုတ်ထားပေးပြီး
ဆင်းလာလိုက်သည်။ ဧည့်ခန်းမှာတော့ ဖေဖေလေးက
အရင်လိုပဲ အေးချမ်းတဲ့အပြုံးတွေနဲ့ ကြိုနေတယ်။

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now