Part 27 🌵🌵

3.1K 267 28
                                    

Zawgyi...

ဓိပ်လည်း အိမ်ထဲမှာပဲ နေရင်းကနေ ငြီးငွေ့လာတာမို့
လင်းပြည့်ကိုခေါ်ပြီး ဟိုဟိုဒီဒီပတ်ကြည့်ဖို့
လုပ်နေတယ်။ ပြီးတော့ ပြန်မှတ်မိအောင်ဆိုပြီး
ဓိပ်တို့သွားခဲ့တဲ့ Myanmar plaza ကို ရောက်လာတယ်။

Gloria Jean's မှာထိုင်နေရင်း ကိုစစ်နဲ့ တချို့
စာရွက်တွေကြည့်နေတယ်။ ဒါဆို ဒီနည်းအတိုင်း
သွားမယ်နော် ကိုစစ်။ အ! လေပွေ တချက်
ကြောင့် အပြင်မှာထိုင်နေတဲ့ Soul မျက်လုံးထဲ
ဖုန်မှုန့်က တန်းတန်းမတ်မတ်။ လက်နဲ့မျက်လုံးကို
ပွတ်မိတော့ ကိုစစ်က Soul လက်တွေကိုဆွဲယူပြီး..

"အရမ်းမပွတ်နဲ့ ကိုယ်မှုတ်ပေးမယ် ခဏ..."
ဆိုပြီး
Soul မျက်နှာလေးကို အနီးကပ်ဆွဲလို့ မှုတ်ပေးတယ်။
Soul နှာဖျားဟာ သူ့ပါးပြင်နဲ့ ထိလုမတတ်။

ကော်ဖီဆိုင်ကနေပြန်လာပြီး အိမ်ထဲကိုပြုံးပြီး ဝင်လာတဲ့
Soul ကိုအေးစက်စက်ကြည့်နေတဲ့ ဓိပ်ကြောင့် ခြေလှမ်းတွေက ရပ်သွားတယ်။
ဧည့်ခန်းမှာ ထိုင်နေတဲ့ ဓိပ်ဘေးနား သွားပြီး

"ဓိပ်ကြည့်ပါဦး ကျွန်တော် လိုင်စင်ရလာခဲ့ပြီ.." ဆိုပြီး
ကားလိုင်စင်ပြားလေးကို သူ့နားသွားယမ်းပြတော့

"ငါ့ကို နမ်း...."

'ဗျာ !! ' ရုတ်တရက်ကြီးဆိုတော့ Soulနားကြားမှားတာပဲ
ထင်နေတာ။

"ဘာလဲ ငါကမင်းယောက်ျားပဲကို ငါ့ကို
မနမ်းနိုင်ဘူးပေါ့..."

"မဟုတ်ပါဘူး ရုတ်တရက်ဆိုတော့ ကျွန်တော် နားကြားမှားတယ်ထင်နေတာ..."

အခုလို ကိုယ့်ဘက်ကစနမ်းရမယ်ဆိုတော့လည်း Soul
ဘယ်ကနေ ဘယ်လိုစရမယ်မှန်းမသိဘူး။ ကိုယ်နမ်းတာ
အဆင်မပြေလို့ ခေါင်းကို တခုခုဖြစ်စေမှာလည်းစိုးရတယ်။ နောက်ဆုံးတော့ ဒီတိုင်းနှုတ်ခမ်းချင်း
ဖိကပ်ပေးလိုက်တော့

"အဲဒါက နမ်းတာမှမဟုတ်တာ ဒါကမှ နမ်းတာ"

Soul ပါးလေးကို အုပ်ကိုင်လို့ နှုတ်ခမ်းကို အပေါ်
တလှည့် အောက်တစ်လှည့် တပ်မက်စွာနမ်းရှိုက်
စုပ်ယူနေရင်းSoul အောက်နှုတ်ခမ်းလေးကို အသာကိုက်တော့ အယောင်အယောင်အမှားမှားနဲ့
ပါးစပ်ပွင့်သွားတယ်။
နွေးထွေးတဲ့လျှာလေးက Soul လျှာလေးကို
ရစ်ပတ်စုပ်ယူလာတယ်။ လေရှူဖို့လိုအပ်လို့ အသာ
ထုမိတော့

Love of Echeveria (ပန်းပျိုးသူချစ်ခြင်း)(Complete)Where stories live. Discover now