*လူအကန့်အသတ်နဲ့ tutionဖွင့်သတဲ့လား*

ရုတ်တရက်ဆိုသလို စိတ်ကူးထဲသို့ လှုံ့ဆော်အကြံပေးချက်တစ်ခုကတိုးဝင်လာ၏


ပိုင်ရှင်ရှိနေရက်နဲ့တော့ လုမယူချင်ပါဘူး လုမယူသင့်ဘူးလေ၊ ကိုယ်ချင်းစာတယ် ပုလဲငယ်ရဲ့ချစ်သူကလဲ ကိုယ့်လိုပဲ လက်လွှတ်ချင်မှာမဟုတ်ဘူး

ဒါပေမယ့်လဲ ခြေလှမ်းနောက်ကျသူအဖို့ ပိုင်ဆိုင်ခွင့်တော့မရှိပေမယ့် အနီးအနားတစ်နေရာကနေ ငေးကြည့်နိုင်ခွင့်လေးတော့ရှိလောက်မယ်မလား




*********

"ကဲ ဒီနေ့တော့ ဒီမှာပဲရပ်မယ်။ အိမ်စာနဲ့assignmentကိုတော့ နောက်တစ်ပတ်သောကြာအမှီထပ်ဖို့ပြင်ပေးထားပါ"

ဒီနေ့အတွက် နောက်ဆုံးစာသင်ချိန်ကတော့ ပြီးဆုံးသွားခဲ့ပြီ။ ဆောင်ဟွန်း ထိုင်ခုံနောက်မှီသို့အကျောဆန့်လိုက်ရင်း အချိန်ပိုင်းအလုပ်ဆီပြေးဖို့အားယူရတော့သည်

"ဆောင်ဟွန်း အိမ်ပြန်မှာလား"

"ဟင့်အင် ငါအချိန်ပိုင်းအလုပ်ရှိသေးတယ်လေ ခုသွားတော့မလို့"

"အော်....အတူပြန်လို့မရတော့ဘူးပေါ့ ဒါဆို"

စိတ်မကောင်းသည့်အမူအရာနှင့်ယုမီအား အားနာသလိုမဲ့ပြုံးလေးပြုံးပြခဲ့ရင်း နေရာမှထလာခဲ့သည်

"ဆောင်ဟွန်း! စောင့်ဦး အတူသွားရအောင်"

ခပ်မြန်မြန်လျှောက်လာမိတဲ့နောက်ကို အပြေးလိုက်လာသူက ဂျုံဆောင်း

"ငါတို့ ပါမောက္ခကင်မ်ရဲ့ကျုရှင်အတန်းကို တက်ကြမလား"

ရုတ်တရက်ကြီး လည်ပင်းအားအတင်းလက်နှင့်လာသိုင်းကာ ကျုရှင်တက်ဖို့လာညှိနေသည့်ပတ်ဂျုံဆောင်းက သိကျွမ်းဖူးသည့် တစ်မိုးအောက်ပတ်ဂျုံဆောင်းမပီသလွန်းစွာ

"ဟေ့ မင်းတကယ်ကြီးတက်မလို့လား စာကိုအရမ်းအာရုံစိုက်လာတယ်နော်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ်တက် ငါ့မှာအချိန်ဇယားတွေရှုပ်နေတာ"

My Essential Hoon Where stories live. Discover now