"မင်း.....ငါဘယ်သူလဲဆိုတာကို သိလား"

ကျောင်းသား၏မပွင့်တပွင့်ပါးစပ်တို့မှာတုန်ရီနေသည်
ထောက်ထားသောဒူးနှစ်ဖက်တို့ကလဲ သာမန်ထက်ပို၍ခါယမ်းလာ၏

"ပါးစပ်ကဖြေ......သိလားလို့မေးနေတယ်!!!"

သူ အသံနက်ကြီးနှင့်ကျယ်လောင်စွာအော်ပစ်ရင်းထပ်မေးလိုက်တော့ လီဂျွန်ယောင်းဆိုသူမှာ ဒူးထောက်နေရာမှ လက်အုပ်တန်းချီပီး အထစ်ထစ်အငေါ့ငေါ့စကားသံတွေနှင့် တောင်းပန်လေ၏

"မ မ မသိပါဘူးခင်ဗျာ....တောင်းပန်ပါတယ် မသတ်ပါနဲ့ ကျွန်တော့်ကိုမသတ်လိုက်ပါနဲ့ မှားခဲ့တာရှိရင် တကယ်တောင်းပန်ပါတယ်"

လက်ချောင်းနှစ်ဖက်ကြားမှညှပ်ထားသောစီးကရက်အနက်ကို ထိုင်ခုံလက်ရန်းပေါ်သို့ထိုးချေပစ်လိုက်ပီး သူ့ရှေ့မှ တုန်တုန်ရီရီနှင့်လက်အုပ်ချီကာတောင်းပန်နေသောထိုကောင်၏ဆံပင်အား လက်ချောင်းများဖြင့်ဆွဲကိုင်ကာခေါင်းကိုလှန်မော့စေလိုက်သည်

"ဒါဆို ပတ်ဆောင်ဟွန်းကိုရော သိရဲ့လား"

"မ မ မသိ....အ "

သူ့အမေးကို အထစ်ထစ်အငေါ့ငေါ့ဖြင့် လိမ်ညာရန်ကြိုးစားနေသောထိုကျောင်းသားသည် အားပြင်းလွန်းသောသူ့လက်တစ်ဖက်ဖြင့် လည်မြိုအား ဖမ်းညှစ်ဆုပ်ကိုင်ခြင်းကိုခံလိုက်ရ၏

"ရာရာစစ ငါ့ကို လာလိမ်ရဲတယ်ပေါ့.....လွန်ခဲ့တဲ့ရက်က ပတ်ဆောင်ဟွန်းဆိုတဲ့ကျောင်းသားကို မင်းတို့တစ်အုပ်စုလုံးဘာလုပ်ခဲ့လဲ မှတ်မိလား......အဲ့တာအတွက် အခု မင်းတို့အားလုံးပြန်ပေးဆပ်ရမယ်"

လည်မြိုပေါ်သို့ရောက်နေသောသူ့လက်တို့သည် ပို၍ပို၍ အားပြင်းလာတာကြောင့် လီဂျွန်ယောင်းကျောင်းသားမှာ အသက်ရှုဖို့ရာ တစ်စထက်တစ်စခက်ခဲလာတော့သည်

"တောင်း တောင်း တောင်းပန်ပါတယ်....အသက် ကို ချမ်း သာ ပေး ပါ အဟွတ်...."

"မင်းတို့ သတိလစ်တဲ့ထိထိုးနှက်ခဲ့ကြတဲ့ အဲ့ဒီကျောင်းသားရဲ့ပိုင်ရှင်ကငါပဲ....ဒီမျက်နှာကိုမှတ်မိအောင်ကြည့်သွား နောက်တစ်ကြိမ် ပတ်ဆောင်ဟွန်းရဲ့ဆံဖျားလေးတောင်ထိဖို့ကြိုးစားခဲ့မယ်ဆိုရင် ငါကိုယ်တိုင် လက်စလာဖျောက်ပေးမှာမလို့"

My Essential Hoon Where stories live. Discover now