"မင်းသိလား.....မင်းက ကိုယ့်ဘဝတစ်လျှောက်လုံးမှာ ကိုယ်တကယ်ကို မရှိမဖြစ်လိုအပ်လာခဲ့တဲ့အရာလေးတစ်ခုပဲ....ကိုယ် နှစ်ဆယ့်ရှစ်နှစ်လုံးလုံးလိုက်ရှာနေခဲ့တာ နောက်မကျသေးတဲ့အချိန်တစ်ခုမှာ အခုလိုကိုယ့်ရှေ့ကိုပေါ်လာထွက်ပေးတဲ့အတွက်ကျေးဇူးပါမှဲ့လေး"

လေးနက်မှုအပြည့်နဲ့ တစ်လုံးချင်းဆီပြောလာတဲ့ သူ့စကားတွေကို ကိုယ်အံ့ဩမှင်သက်နေမိခဲ့သည်

"ခုကစပီး ထပ်အပျောက်မခံတော့ဘူးမင်းကို......"

ရှင်းဂျယ်ယွန်းဟာ ကိုယ့်ကို ဖွင့်ပြောဖို့အတွက်အစပျိုးနေသည်လား...မယုံကြည်ချင်ပေမယ့် သူ့နူတ်ဖျားကနေတစ်လုံးချင်းပြောထွက်လာတဲ့စကားတို့မှာ သိပ်ကိုလေးနက်ပုံပေါ်နေသည်

*မယုံကြည်ချင်ဘူးကွယ် ဖွင့်မပြောလိုက်ပါနဲ့လား သံယောဇဉ်တွေလဲမတွယ်ပါရစေနဲ့....ကျွန်တော် သေချာပေါက်ငြင်းမိလိမ့်မယ်ထင်တယ်.....တစ်ချိန်ချိန်မှာ နူတ်ဆက်ရမယ့်ဆက်ဆံရေးမှန်းသိပေမယ့် ခုလိုအစောကြီးတော့မခွဲခွါလိုက်ချင်သေးဘူး*

"မနက်ဖြန်ရော ကျောင်းလိုက်ပို့မယ်မလား"

တစ်ဖက်မှထွက်လာမည့်နောက်စကားတစ်ခွန်းကိုထပ်မကြားလိုတော့တာကြောင့် ဆောင်ဟွန်း ငြိမ်နေရာမှအသံထွက်ကာ ခပ်မြန်မြန်လေးစကားလမ်းကြောင်းလွှဲပေးလိုက်မိသည်

သူက ကိုယ့်အမေးကို ကျေကျေနပ်နပ်ကြီးပြုံးလျက် ခေါင်းငြိမ့်ပြသည်

ရှင်းဂျယ်ယွန်းသည် ထိုကဲ့သို့ပြုံးလိုက်လျှင် သိပ်ကိုဖြူစင်လွန်းသောကလေးငယ်လေးနှင့်တူသည် သိပ်ချစ်ဖို့ကောင်း၏ တော်ရုံဒီလိုအပြုံးတွေ သူ့မျက်နှာပေါ်မှာရှိပုံမပေါ်

နေလာခဲ့ရသည့်ဘဝက ပြုံးပျော်စရာနည်းပါးသည်မို့လား ကိုယ်နဲ့တွေ့မှပဲ ဒီလိုအပြုံးတွေကသူ့မျက်နှာမှာပေါ်စေခဲ့တာလား

ဒီလိုတွေတွေးမိတော့ လောလောလတ်လတ်က သူပြောထားသောစကားများအား ယုံကြည်မိချင်လာသည်
သူ့ပုံစံသည် မှီခိုလဲလျောင်းစရာ နေရာပျောက်နေသော ကိုယ့်ဘဝနှင့်ပင် ဆင်တူနေသယောင်

My Essential Hoon Where stories live. Discover now