"နေမကောင်းဖြစ်နေရင်းတောင် စာလုပ်ရမှဖြစ်မှာလား အိပ်တော့ မအိပ်ရင်လဲလှဲနေ"

လှမ်းဆွဲခါနီး သူ့လက်တွေကို ပြာပြာသလဲရှောင်တိမ်းလိုက်တဲ့ ဆောင်ဟွန်းရဲ့အမူအရာကြောင့် ဂျယ်ယွန်းရင်ထဲတော့ ဝမ်းနည်းမိသွားတာအမှန်ပင်

*ကိုယ့်ပုံစံက မင်းအတွက်လူဆိုးတစ်ယောက်လိုဖြစ်နေသလား
ကိုယ့်ကို ကြောက်စရာတစ်ခုလိုမြင်နေမိတာလားကလေးရယ်...*

"စာမလုပ်လို့မရဘူး မနက်ဖြန်ကျောင်းသွားမှာ ဒီညတော့စာလုပ်မှရမယ်"

ခပ်တည်တည်နဲ့ပြောလာတဲ့မှဲ့လေးကိုကြည့်ပီး သူ့ရင်ထဲကဝမ်းနည်းမှုတွေကိုမြိုသိပ်ထားလိုက်ရင်း ခုံဘေးကကုတင်ပေါ်မှာအသာလေးဝင်ထိုင်လိုက်သည်

"ဘာစာလုပ်မှာလဲ ကိုယ်ကူပေးလို့ရတာရှိလား"

"ရတယ် ဘာမှကူစရာမရှိဘူး ခင်ဗျား သွားအိပ်ရင်လဲအိပ်‌တော့"

စကားတွေကအေးစက်လိုက်တာ
မနက်ကမှ စကားချိုချိုတွေပြောထွက်တဲ့နူတ်ခမ်းဖူးလေးက သူမဟုတ်တဲ့အတိုင်းပဲ

ဂျယ်ယွန်းဘာမှဆက်မပြောတော့ပဲ မျက်မှန်နဲ့ ပုံမှန်ဖတ်
လက်စစာအုပ်ကိုယူကာ ကုတင်ပေါ်မှီနေလိုက်သည်
စာအုပ်ဖတ်သလိုနဲ့ ခိုးခိုးကြည့်မိတော့
မှဲ့လေးက သူ့ကိုနည်းနည်းလေးတောင်မှ အာရုံစိုက်ပုံမပြ

အိမ်ခေါင်မိုးပေါ်ကိုရွာကျနေတဲ့ မိုးရေစက်သံတွေကလွဲလို့ ငြိမ်လွန်းနေတဲ့ ဒီအခန်းအခြေနေဟာ အတော်တော့ အနေခက်စရာပင်

စိတ်မရှည်စွာပဲ လက်ထဲမှာဖွင့်ကိုင်ထားတဲ့စာအုပ်ကို ပိတ်ချလိုက်ပီး ကိုယ့်အား အတင်းလျစ်လျုရှုနေတဲ့ထိုအကြောတင်းလေးကို‌ ပေါ်တင်ပဲ ငေးမော စိုက်ကြည့်
ပစ်လိုက်တော့သည်

စိတ်ဆိုးခံရရင်လဲ ခံရပါစေတော့ ဒီလိုစိုက်ကြည့်လိုက်လို့ မျက်စောင်းလေးလှမ်းထိုးခံရလဲနည်းလားလေ....

ဒါပေမယ့်လဲ အတန်ငယ်ကြာတဲ့ထိ မှဲ့လေးက သူ့ကို တစ်ချက်တောင်မှလှည့်မကြည့်တော့ စိတ်ကအတော်
ပင်မွန်းကြပ်လာသည်

My Essential Hoon Where stories live. Discover now