[၄၃] သေခြင်းနှင့်ရှင်ခြင်း။

Start from the beginning
                                    

အဲ့ဒီ့စကားကို ကျန်းရွှင်းယီထပ်မပြောချင်တော့ပေ။ အဲ့ဒါက သူအရှုံးပေးလိုက်သလိုခံစားရအောင် ပြုလုပ်နေသည်။ ဒါပေမယ့် ယွင်ရှဲ့က သူ့ကိုခဏခဏထပ်မေးနေမှတော့ သူခဏလောက်တုံ့ဆိုင်းနေပြီး ကူကယ်ရာမဲ့စွာဖြင့် ခပ်ပေါ့ပေါ့သာပြောလိုက်သည်။
"ဟုတ်တယ်။ တကယ်လို့ ငါမလုပ်ခဲ့ဘူးဆိုရင် ငါအဲ့ဒါကို ဘာလို့ဝန်ခံခဲ့မှာလဲ။"

ယွင်ရှဲ့၏မျက်လုံးများဟာ ချက်ချင်းပင်သွေးနီရောင်ပြောင်းသွားတော့သည်။ ကျန်းရွှင်းယီဟာ သူ့ကိုကျော်လွန်၍ ဒီလိုဒရမ်မာဆန်သည့်တုံ့ပြန်မှုမျိုးကို မမျှော်လင့်ထားချေ။ ထိတ်လန့်အံ့အားသင့်ခြင်းနှင့် ပဟေဠိဖြစ်ခြင်းတို့ရောပြွန်းစွာဖြင့် သူ ယွင်ရှဲ့ကိုကြည့်လိုက်သည်။

သူ၏အသံကအားနည်းနေပေမယ့် သူ၏အမူအရာကတော့ ပြင်းထန်နေသည်။
"ကျန်းရွှင်းယီ၊ မင်းသိလား။ ငါမင်းကို အခုတကယ်သတ်ချင်နေတယ်။"

"....." ယွင်ရှဲ့ကဖုန်ချိုးကို ဒီလောက်အထိကြိုက်နေလိမ့်မယ်လို့ ကျန်းရွှင်းယီဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး။

ယွင်ရှဲ့က နောက်ထပ်သက်ပြင်းရှိုက်ကာ အံကြိတ်လိုက်သည်။
"ဒါပေမယ့် ငါမင်းကိုသတ်မယ်လို့တွေးလိုက်တိုင်း ငါ့ဘာသာငါအရင်သေလိုက်တာကပိုကောင်းအုံးမယ်။ ငါ...သေစမ်း၊ သောက်ကျိုးနည်း၊ ချီးပဲ!! ငါမင်းကို ဘယ်လိုလုပ်သင့်သလဲ!"

သူ့ကိုယ်သူဘာဖြစ်နေမှန်းတောင် သူမသိတော့ပါ။ သူ၏လက်တွေကိုကြည့်ရတာ သူ၏ထိန်းချုပ်မှုကနေလွတ်ထွက်သွားပုံရပြီး အဆက်မပြတ်တုန်ယင်နေကာ ဓားရိုးဆီကို ရွေ့လျားနေသည်။ သူ၏အသက်ရှုလေမှာ လည်ပင်း၌တစ်ဆို့နေပြီး နောက်ဆုံးတစ်ခေါက် ရွှမ်လီ၏လှိုက်ဂူထဲမှာတုန်းကလို ကျန်းရွှင်းယီအား မတော်တဆထိခိုက်နာကျင်အောင်ပြုလုပ်မိမှာကို ကြောက်ရွံ့နေမိသေးသည်။ ဤစကားလုံးတွေကိုထုတ်ပြောလိုက်ပြီးနောက် သူကျန်းရွှင်းယီကိုစိုက်ကြည့်လိုက်သည်။
"ငါနဲ့ဝေးဝေးနေ။"

ယွင်ရှဲ့ဟာ ဤကဲ့သို့ဒေါသူပုန်ထနေသောစရိုက်မျိုးကို သူ့ကိုပြခဲလေ့ရှိသည်။ တကယ်တော့ သူဒီလိုမျိုးပြစ်ပြစ်နှစ်နှစ်ကျိန်ဆဲနေတာကိုလည်း ကျန်းရွှင်းယီ ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်သည်။ ဒါပေမယ့် ပုံမှန်လိုမဟုတ်ပဲ ကျန်းရွှင်းယီတစ်ယောက်ခွန်းတုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပါ။

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now