သူလက်အုပ်လေးချီကာ ပြောတော့ သူ့အစ်ကိုတောင် အံ့ဩမိသွားသည်
တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ဖူးတဲ့ ရှင်းဂျယ်ယွန်းရဲ့အပြုအမူ အသစ်ဆန်းတွေကိုမြင်နေရတာလေ
ဘယ်လိုလူမျိူးမို့ ဂျယ်ယွန်းကို ဒီလိုပြောင်းလဲစေခဲ့တာလဲ
အရေးကြီးပုဂ္ဂိုလ်ဆိုသည့် လူငယ်အား အတော်ပင်စိတ်ဝင်စားနေမိပီ

"ကဲထားပါတော့ ရည်းစားမဟုတ်ဘူးဆိုတော့ ဘလိုအရေးကြီးပုဂ္ဂိုလ်လဲ စီးပွားရေးအရလား ဘာအကျိုးအမြတ်ရနိုင်ခြေရှိလို့လဲ"

"ကျွန်တော်က သူ့ကိုတစ်ဖတ်သတ်ကြိုက်နေတာ ကျွန်တော်သဘောကျနေတာကို သူလဲမသိဘူး အဲ့တာကြောင့် hyungက သူ့ကို ဒီတိုင်း အလိုက်သင့်ကောင်းကောင်းဆက်ဆံပေးရင်ပဲရပီ "

HeeSeungခေါင်းပဲငြိမ့်ပြကာ ဘာမှဆက်မပြောတော့
သူဒီလောက်ဆို သူ့ညီကအတည်ပေါက်ပြောနေမှန်းနားလည်လိုက်ပါပီ
အများကြီးထပ်မေး ထပ်ဝင်စွက်ဖက်နေစရာမလိုတော့ပါ
မို့အစ်ကာအနီ‌ရောင်သန်းနေတဲ့ မျက်လုံးအစုံက တစ်ချိန်လုံးငိုထားမှန်းသိသာသည်
မျက်နှာပေါ်မှာလဲ ဝမ်းနည်းခြင်းအရိပ်အယောင်တို့ ဖုံးလွှမ်းလျက် ဂျယ်ယွန်းကိုကြည့်ရတာ တကယ်ပင်ပန်းနေတဲ့ပုံပေါ်နေသည်

"ညစားရော စားပီးပီလား "

"စားချင်စိတ်မရှိဘူး hyungလဲနားတော့ ကျွန်တော်လဲ အပေါ်ပြန်တက်တော့မယ် "

ဂျယ်ယွန်းဘက်ကစပီး လူတစ်ယောက်ကို တစ်ဖက်သတ်ကြိုက်တယ်ဆိုတာ ဒါပထမဆုံးပင် တော်တော်လေးလဲခံစားချက်ရှိနေပုံရသည်မို့ အနည်းငယ်တော့စိုးရိမ်မိသည်
သူ့ညီအကြောင်းကို သူ‌ကောင်းကောင်းကြီးသိသည်

ဂျယ်ယွန်းကခံစားချက်တွေပါလာပီဆိုရင် ရူးရူးမိုက်မိုက် အသိစိတ်လွတ်သွားတတ်တဲ့လူမျိုး ခုလဲ တစ်ဖက်သတ်ဆိုတော့ အခြေနေကအဆင်ပြေပုံမရ မေတ္တာငတ်ခဲ့ရတဲ့လူချင်းအတူတူမို့ ဂျယ်ယွန်းလဲ ဘယ်လောက်တောင် ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ရလဲ သူနားလည်သည်

ထို့ကြောင့်တစ်နေ့နေ့ ဂျယ်ယွန်းဆီမှာ ချစ်ရတဲ့သူပေါ်လာခဲ့လျှင် အဲ့ဒီလူဆီကနေပဲ ချစ်ခြင်းမေတ္တာတွေ တစ်ပွေ့တစ်ပိုက်ခံယူရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပုံမှန်ဘဝကို ဖြတ်သန်းသွားစေချင်ခဲ့တာ
အပေါ်ထပ်သို့ ပြန်တက်သွားသည့် သူ့ညီ၏ ကျောပြင်အား ကြည့်ရင်း HeeSeung သက်ပြင်းခပ်ဖွဖွတစ်ချက်ချလိုက်မိသည်

My Essential Hoon Where stories live. Discover now