ကိုယ့် အစီစဉ်နဲ့ကိုယ် တွက်သားကိုက်နေပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့်......
လမ်းလျှောက်နေတုန်းမှာ ခြေဝင်ထိုးခံလိုက်ရတဲ့ ခံစားချက်လိုပဲ

စောင့်မျှော်နေသူကပေါ်လာပေမယ့် ဘေးကအတူပါလာတဲ့
ကျောင်းသူကြောင့် စိတ်ထဲထင့်သွားသည်
ယောကျာ်းလေးတွေပဲ ရှိတဲ့အဖွဲ့ထဲ မိန်းကလေးက ဘာလို့ပါလာရတာလဲ
ထိုကလေးမကလဲ စိတ်ဘဝင်မကျအောင်ပဲ မှဲ့လေးနားကို ကပ်နေလိုက်တာ သူစိတ်အလိုမကျတော့ပါ

ကိုယ်တိုင်က အစထဲက self controlလုပ်တဲ့‌နေရာမှာ တော်လှတယ်မဟုတ် အမြဲ တစ်ဇွတ်ထိုး လုပ်ချင်တာလုပ်ချတတ်တဲ့လူမျိုး
စိတ်ထဲရှိတဲ့ အတိုင်းဆို ချက်ချင်း ကားပေါ်ကနေ အပြေးဆင်းပီး မှဲ့လေး ဘေးနားမှာကပ်နေတဲ့ ထိုကလေးမကို ဖယ်ထုတ်ပစ်လိုက်ချင်သည်

ဒါပေမယ့်လဲ မှဲ့လေးက သူ့ကို အကြီးအကျယ်စိတ်ဆိုးသွားလောက်မည် ဆိုတဲ့ အတွေးနဲ့ပဲ စိတ်ထဲရှိသမျှ တစ်ဇွတ်ထိုးဖို့ရာ မတတ်သာခဲ့

"တကယ်ပဲ မိန်းကလေးတွေနဲ့တွဲမြင်ရတာမကြိုက်လိုက်တာ"
သူစိတ်မွန်းကြပ်စွာပဲ ငြီးငြူရင်း ကားကို ခပ်ဖြည်းဖြည်းမောင်းကာ နောက်ကနေ မသိမသာ‌လေး
မှေးလိုက်လာခဲ့သည်

*ဘယ်များ ထူးထူးခြားခြား သွားမလို့လဲလို့ တော့ပို့ကီ သွားစားကြတာပဲ တော့ပို့ကီက ဘာတွေအရသာ‌ရှိ‌နေလို့လဲ တစ်ယောက်ထဲထွက်လာရင် ငါက ကောင်းတဲ့ဆိုင်မှာ
steakလိုက်ကျွေးမိမှာကို*

သူငယ်ချင်းတွေနဲ့ ပြူံးပျော်ပီး တော့ပို့ကီကို ချစ်စရာကောင်းအောင်စားပြနေတဲ့ ထိုကောင်လေးကို မြင်မိပြန်တော့လဲ စိတ်အလိုမကျဖြစ်နေရင်းတောင် နူတ်ခမ်းတို့ကပြူံးယောင်ပြမိပြန်သည်

"SungHoon ပါးစပ်ဟ အာ......"
"ရော့ ပါးစပ်ဟလို့ ငါလက်ညောင်းနေပီ"

"ဟေး နင်တို့ တွဲကြတော့မှာလား စုံတွဲဖြစ်တဲ့နေ့ တစ်ဝိုင်းနော်"

ယုမီခွံ့ကျွေးတာကို အလိုက်သင့်စားလိုက်မိတော့ ဘေးကဝိုင်းစတာခံရပီပေါ့
ယုမီကလဲ ဒီနေ့မှ ထူးထူးဆန်းဆန်းတွေဖြစ်လို့

My Essential Hoon Where stories live. Discover now