[၃၉] ပြဿနာဖြစ်လာခြင်း။

Start from the beginning
                                    

နူးညံ့ညင်သာပြီးနွေးထွေးသည့်အပြုံးတစ်ပွင့်ဟာ ယွင်ရှဲ့၏မျက်နှာထက်ဝယ် ပီပြင်လာခဲ့သည်။ သို့ပေမယ့် သူ၏နှလုံးသားကတော့ ချဥ်စူးစူးဝမ်းနည်းမှုတစ်ခုကြောင့် စူးခနဲအောင့်တက်သွားရသည်။ ပရမ်းပတာအနေအထားတစ်ချို့၏ မဖော်ပြနိုင်လောက်သည့်ကဏ္ဍတစ်ခုကို သတိရလိုက်သည်နှင့် ရုတ်တရက်ပင် ချွန်မြသည့်ချိတ်ကောက်တစ်ချောင်းက သူ့နှလုံးသားအောက်ခြေကို ထိုးဖောက်လာသလို ခံစားလိုက်ရသည်။ သူကြည့်နေရင်းပင် ကျန်းရွှင်းယီကိုယ်လေးအနည်းငယ်လှုပ်ရှားသွားပြီး သိုးမွှေးစောင်က အနည်းငယ်ပွင့်ဟသွားကာ သေးသွယ်သည့်လည်တိုင်လေးကို လှစ်ဟပြသလာသည်။ ဒါကိုမြင်သည့်ယွင်ရှဲ့က ကူကယ်ရာမဲ့သွားပေမယ့် အနားကပ်သွားကာ စောင်ကိုပြန်ဖုံးပေးလိုက်သည်။

စောင်ပြန်ခြုံပေးလိုက်ပြီးနောက်၊ သူအေးခဲသွားကာ ဒီကိုလာရသည့်မူလရည်ရွယ်ချက်က ဒီလူကိုနှိုးဖို့ဆိုတာကို ပြန်သတိရသွားသည်။ သူချက်ချင်းပြုံးမိသွားကာ ခေါင်းခါလိုက်ရင်းဖြင့် ကျန်းရွှင်းယီကိုခပ်ဖွဖွလေးပုတ်လိုက်ရင်း ခေါ်လိုက်သည်။
"အားရွှင်း၊ အားရွှင်း? ထတော့လေကွာ! ဘယ်အချိန်ရှိနေပြီလဲဆိုတာကိုကြည့်ပါအုံး!"

ကျန်းရွှင်းယီ၏မျက်တောင်လေးများလှုပ်ခတ်သွားရသည်။ သူ့ခေါင်းက ဦးခေါင်းပွင့်ထွက်မတတ် ကိုက်ခဲနေကာ သူ၏မျက်ခွံများမှာလည်း တစ်စုံတစ်ခုကဖိချထားပုံရသည်။ သူက စိတ်မရှည်စွာနှင့် သူ့ပေါ်က ယွင်ရှဲ့လက်ကိုဖယ်ချလိုက်ကာ ဟိုဘက်လှည့်သွားတော့ ယွင်ရှဲ့ကိုနောက်ကျောပေးပြီးသားဖြစ်သွားသည်။

မကြောင်းပြချက်မရှိပါပဲနှင့် သူ၏အပြုအမူတွေက အရမ်းချစ်ဖို့ကောင်းသလိုခံစားလိုက်ရတာကြောင့် ယွင်ရှဲ့ကူကယ်ရာမဲ့စွာ ရယ်ချလိုက်မိသည်။ ရယ်မောလိုက်ပြီးသည့်နောက်၊ တစ်စုံတစ်ခုမှားယွင်းနေတာကို သူချက်ချင်းခံစားမိသည်။ သူ့မျက်ခုံးများတွန့်ကွေးသွားရကာ အားသုံးနှိုးလိုက်သည်။
"အားရွှင်း? မင်းဘာဖြစ်နေတာလဲ။ မြန်မြန်ထတော့လေ။"

သူ၏ဆူပူနေသံမှာ ၎င်း၏လမ်းကြောအတိုင်း တစ်စုံတစ်ယောက်၏ခေါင်းထဲသို့ ဝင်ရောက်သွားသည်။ နောက်ဆုံးမှာတော့ ကျန်းရွှင်းယီအလွန့်အလွန်စိတ်မပါစွာဖြင့် မျက်လုံးတွေကိုဖွင့်လိုက်သည်။ ကုတင်ပေါ်ကနေ သူ့ကိုယ်တစ်ဝက်ကို မ,လိုက်ပြီး ယွင်ရှဲ့ကို အရမ်းကိုမှစိတ်မကျေမနပ်ဖြစ်စွာ ကြည့်လိုက်သည်။
"မနက်အစောကြီးပဲရှိသေးတယ်လေ။ မင်းဘာလုပ်နေတာလဲဟ!"

[COMPLETED] ဗီလိန်ဗျူဟာ || ဘာသာပြန်Where stories live. Discover now